Zawgyi
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မေဘယ်ရွက်တစ်ချို့က..
တိုက်ခတ်လာတဲ့လေပြေလေးကြောင့်..
လှုပ်ခတ်နေလေရဲ့..။လမ်းဘေးတစ်လျှောက်
ပေါက်နေတဲ့မေဘယ်ပင်တွေဟာလဲ..
ခပ်အုပ်အုပ်ရယ်..။တိုက်ခတ်လာတဲ့လေကြောင့်၊
မေဘယ်ရွက်များက..
လမ်းတစ်လျှောက်..
အပြည့်ပက်ကြဲထားသလိုပင်။ကောင်လေးတစ်ယောက်ဟာလဲ..
စက်ဘီးလေးတွန်းကာ...
လွတ်လပ်စွာရယ်ပြုံးလို့နေသည်။ဟုတ်ပါတယ်..။သူကျောင်းမတက်ဘဲ..
ကျောင်းပြေးလာခဲ့ခြင်း။
သို့ပေမယ့်... သူဟာအကျင့်ပျက်တဲ့
ကျောင်းသားတစ်ယောက်တော့
မဟုတ်ပေ။သူဒီနေ့ဘာစိတ်ကူးပေါက်၍မသိ
ကျောင်းပေါက်ဝရောက်ခါနီးမှ...
ပြန်လှည့်လာလေတယ် ။သူစိတ်တွေအရမ်းအေးချမ်းနေတယ်.. ။
သူ့ကိုမုန်းတဲ့သူ...အနိုင်ကျင့်မယ့်သူ
မရှိတဲ့အခုလိုချိန်...သူလွတ်လပ်စွာ..
ရယ်ပြုံးနိုင်ပြီ..။သို့ပေမယ့်လို့..သူမသိခဲ့သည်က
သူ့နောက်ကိုကောင်လေးတစ်ယောက်..
ဆက်တိုက်လိုက်လာခဲ့ခြင်း..။သူလမ်းဆက်လျာက်နေရင်းပဲ...
သူ့ရှေ့မှာကလေးတစ်ယောက်..
ချော်လဲသွားတယ် ။သူလဲစက်ဘီးကိုအမြန်ရပ်ပြီး..
ထိုကလေးရှိရာအမြန်လျောက် လာလိုက်တယ်။"ကလေး...ဘာဖြစ်သွားသေးလဲ
ဘယ်နားနာသွားသေးလဲ ""အီး...သား..ဒူးနာတွားပြီ.."
စကားကလေးမပီကလာပီကလာလေးနဲ့..
ကလေးငယ်ဟာ..သိပ်ချစ်ဖို့ကောင်းတယ်..။ထိုကလေးကနာလို့ထင်ပါရဲ့..။
မျက်ရည်များစီးကျလာပြီး..
မျက်လုံးများရဲတဲ့ထိငိုလေတယ်..။"Hyungကိုပြပါဦး...ဖွဖွနော်...လာ..
ဒီနားထိုင်ရအောင်"ထိုကလေးကိုပွေ့ကာဘေးနားရှိ..
ခုံတန်းပေါ်..ထိုင်လိုက်သည်။ဘောင်းဘီလေးကိုလိပ်တင်ကာ...
ကလေးရဲ့ဒူးကိုကြည့်ပေးတော့..
သွေးလေးတစ်ချို့ဆို့နေပြီ..။
YOU ARE READING
သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed)
FanfictionTaekook Fanficလေးပါနော်.. စိတ်ကူးလေးပေါက်လာလို့😘😘 Taekook Fanficလေးပါနော်.. စိတ်ကူးလေးပေါက်လာလို့😘😘