🍃Part-13🍃

2.5K 283 22
                                    

Zawgyi


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ကိုယ့်အိပ်ယာပေါ်ကိုယ်အိပ်ရတဲ့ခံစားချက်က
တကယ်ကို နွေးထွေးတာတော့ အမှန်ပင်..။

ဒါပေမဲ့လဲ ဒီမှာတော့ အပြီးတိုင် ပြန်မနေချင်သေးပေ...။

ကုတင်ထက်မှာဟိုလှည့်ဒီလှည့်နဲ့တင်
မိုးပင်လင်းသွားချေပြီ...။

"ဒေါက် ဒေါက် သား နိုးပြီလား"

"Nae"

Jung kook တစ်​ယောက်အိပ်ချင်မူးတူးနဲ့ တံခါးအားသွားဖွင့်လိုက်သည်...။

"သား Omma သားကြိုက်တာတွေနဲ့ မနက်စာ ပြင်ထားတယ် လာစားလိုက်တော့နော်"

"Nae"

"သား ကျေးဇူးပါပဲ"

"ဘာအတွက်လဲ"

"Omma ဆီပြန်လာပေးလို့"

"...."

Jung kook ဘာစကားမှမပြောဘဲ ရေချိုးခန်းထဲဝင်သွားကာ ရေမိုးချိုးလိုက်သည်..။

......................................................................

ထမင်းစားပွဲဝိုင်းမှာ မည်သူမှမစားသေးဘဲ
Jung kook အား စောင့်ဆိုင်းနေပုံပင်..။

သူဝင်လာတော့မှ သူ့အားဝိုင်းကြည့်ကာ
ပြုံးနေကြသည်...။ဒီလိုနေ့ရက်မျိုးနဲ့
အသားမကျသေးတဲ့ Jung kook အတွက်တော့
နေရခက်လွန်းလှသည်...။
သူရှိခဲ့စဉ်ကပင် ထမင်းလက်ဆုံမှ မစားခဲ့ဖူးကြပဲ..။

လွတ်နေတဲ့နေရာအား Jung kook ဝင်ထိုင်လိုက်သည်...။
Jung kook Omma ကလဲ
ထမင်းခူးခပ်ပေးပြီး ဟင်းတွေထည့်ပေးနေသည်..။
တကယ်ကို ဟင်းတွေအကုန်လုံးက သူ့အကြိုက်တွေချည်းပင်..။

"ပုံမှန်ပဲ ကျွန်တော့်ကိုဆက်ဆံပေးပါ"

"အင်းပါ သားရယ်"

Jung kook Appa ကလဲ မျက်နှာတော့အနည်း
ငယ်ပျက်သွားသည့်ပုံပင်...။Jung kook
နဲ့အတူနေစဉ်တုန်းကလဲ Appa ကအလုပ်တွေကိုသာ ဦးးစားပေးနေသည်မို့ တစ်ခါမှ မိသားစုတွေစုံစုံလင်လင်နဲ့
ထမင်းတောင် မစားခဲ့ဖူးဘူးပဲ..။
သားလေး အသားမကျသေးတာ အဆန်းမှ
မဟုတ်ဘဲ...။

သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed) Where stories live. Discover now