🍃Part-12🍃

2.5K 263 16
                                    

Zawgyi


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အိပ်ယာထက်မှာလှဲနေရင်း အတွေးတွေကတော့
နေ့ခင်းတုန်းကတွေ့ခဲ့တဲ့ ကောင်လေးထံသို့...
သူတွေ့လိုက်တာ တကယ်ကို Tae လေးဆိုတာ
သေချာပါဘိ...။သို့ပေမယ့် တူတဲ့သူသာ
ဖြစ်ပါလိမ့်မည်...။သူ့ကလေးဟာ ဒီလောကကြီးမှာ မှမရှိတော့ဘဲ...။
သူသာအတွေးလွန်နေတာပါ...။

အိပ်ဖို့ကြိုးစားပေမယ့်လဲ အိပ်လို့မပျော်ပေ...။
ဒီနေ့မှ အတွေးတွေ အကုန်စုနေသလားဟုပင်
အောက်မေ့ရသည်..။
အတွေးတွေရပ်ပြီး အိပ်သော်လဲ မည်သို့မျှအိပ်မပျော်ပေ....။

ထို့ကြောင့် လေညင်းခံရန် တံခါးဖွင့်ကာ ဝရံတာသို့ထွက်လာခဲ့သည်။
ကောင်းကင်ကိုမော့ကြည့်မိတော့
လမင်းကြီးရဲ့အလင်းတွေဟာလဲနေရာအနှံ့ဖြန့်
ကျက်ကာကြယ်တွေလဲ ကောင်းကင်ထက် ပြည့်နှက်လျက်ပင်။

တစ်ချိန်ကထိုသို့ထိန်ထိန်သာနေတဲ့လမင်းကြီးနဲ့
လင်းလက်နေကြတဲ့ ကြယ်တွေကို သူချစ်ရတဲ့ ကောင်လေးနဲ့အတူ ကြည့်ခွင့်ရခဲ့ပေမယ့် ခုတော့တစ်ယောက်ထဲပင်..။အဲ့နေ့လေးမှာပဲ
ထိုကောင်လေးအားချစ်တယ်ဟုဖွင့်ပြောကာ
အဖြေရခဲ့သည်မဟုတ်လား...။

တွေးမိရင် အရာရာတိုင်းဟာ လွမ်းစရာကြီးသာ..။
မျက်လုံးတို့အားမှိတ်ကာ တိုက်ခတ်နေတဲ့
လေညင်းလေးကို တဝကြီးရူရှိုက်မိသည်..။
ရင်ထဲကအပူတွေကများ ရူထုတ်လိုက်တဲ့
လေနဲ့အတူ ပါသွားလေမလားပေါ့....။

လှပစွာသာနေတဲ့လမင်းကြီးရယ်
တောက်ပလွန်းနေတဲ့ကြယ်တွေရယ်
ဝမ်နည်းနေပေမယ့် တောက်ပနေတဲ့ ကောင်လေးရဲ့ မျက်ဝန်းလေးတွေရယ်
အရာအားလုံးက ပနံသင့်နေလေတယ်....။

ပြန်မလာနိုင်တော့တဲ့ သူကိုလွမ်းနေရတာ
ခက်ခဲလားဆိုရင် ခက်ခဲတယ်.... ။ဒါဆိုဘာလို့လွမ်းနေလဲလို့ မေးလာရင်တော့
သူ့အတွက် အဖြေဟာ ရှိလိမ့်မည်မဟုတ်ပေ..။

သူလွမ်းနေတာဟာ အဖြေတစ်ခုအတွက်
လွမ်းနေတာမဟုတ်သလို အလိုက်သတိလွမ်းပေးနေတာလဲမဟုတ်တာ
ကြောင့်ပင်..။အဖြေမရှိတဲ့အလွမ်းတွေမှာသာ
တောင်ပံပါရင်သူလွမ်းသမျှအလွမ်းတွေကို သူ့ကလေးဆီရောက်အောင်
ပို့ပေးနိုင်လောက်မယ်ထင်ပါရဲ့...။

သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed) Where stories live. Discover now