21

5.7K 493 18
                                    

ရိပေါ်အိမ်မှာနေခဲ့ရတဲ့တစ်ပတ်အတွင်း လိုသေးမရှိထားပေမဲ့ နေပြန်ကောင်းသွားလို့ အဆောင်ပြန်နေမယ်ဆိုတော့ ရိပေါ်ကလက်မခံတော့သလို ဟန်ကျိုးကအမေနှစ်ယောက်ကလဲ ရိပေါ်နဲ့အတူနေစေချင်သည်တဲ့....ဒီတခါက ဝမ်မာမားကိုယ်တိုင်ဖုန်းဆက်ပြီး ကျန့်ကျန့်က ဝမ်လေးနဲ့အတူနေပေးပါ ရှူတင်ကိုလဲအဆောင်ကနေ လိုက်သွားရမဲ့အတူတူ တစ်အိမ်ထဲပဲနေလိုက်ပေါ့ ကျန့်ကျန့်နဲ့ဆိုဝမ်လေးကိုစိတ်ချတယ်တဲ့...၊
ကဲ...ရှောင်းကျန့်ကမနေချင်လို့မဟုတ်ပါဘူး အဆောင်မှာဆို ညနက်တဲ့အထိစာဖတ်နေလဲ ဘယ်သူမှပြောမဲ့သူမရှိသလို ဆေးရုံကနေ ညနက်မှပြန်ရတဲ့နေ့တွေဆို နီးနီးနားနားအဆောင်ကိုပဲပြန်ရတာမို့ အဆင်ပြေသည်လေ။

ရိပေါ်ဆီမှာမနေချင်သည်က ရိပေါ်က ရှောင်းမာမားနဲ့အတူတူပဲ ရှောင်းကျန့်ကိုဆို အသေးစိတ်ကအစဂရုစိုက်ပြီး ဟိုဟာဆိုလဲမလုပ်ရ ဒီဟာဆိုလဲမလုပ်ရနဲ့ မျက်စိဒေါက်ထောက်ကြည့်နေတတ်တာ၊ ရှောင်းကျန့်အနေနဲ့လဲမကြိုက်တာမျိုးမဟုတ်ပေမဲ့ တခါတလေ ကိုယ့်စိတ်ရှိတဲ့အတိုင်း နေချင်တာပေါ့။

"မင်းဘာမှငြင်းမနေနဲ့တော့ ဒါ အမေတွေရဲ့အမိန့်ပဲ မကျေနပ်ရင် ဟန်ကျိုးပြန်ပြီးသွားပြော"
"ဒါပဲပြောနေလိုက် အိပေါ်စုတ်...ငါလဲမနေချင်လို့မဟုတ်ပါဘူးကွာ ဆေးရုံနဲ့အဆောင်ကနီးနီးလေးဆိုတော့ အရေးပေါ်တွေဘာတွေဆို ချက်ချင်းပြေးလို့ရတယ်လေ ပြီးတော့ ပြန်ရင်လဲနီးနီးလေးကို အခုဆို ငါက ဂျူတီပြီးရင် ကားမောင်းပြီး ပြန်လာရအုံးမယ် မနက်ဆိုလဲစောစောထရမယ်လေ"
"အဲဒါတွေမသိချင်ဘူး ငါ့ကိုလာပြောလဲဘာမှလုပ်ပေးလို့မရဘူး မင်းလုပ်ရမှာက ဒီနေ့အဆောင်ကနေ မင်းပစ္စည်းတွေသွားယူ ကားပါတစ်ခါထဲပြန်ယူလာခဲ့"

"ရိထျန် ဟုတ်တယ် ရိထျန်ကဘယ်လိုလုပ်မလဲ အဆောင်မှာသူတစ်ယောက်ထဲကျန်ခဲ့မှာပေါ့ အားနာစရာကြီး"

"သူမလာခင်ကရော မင်းတစ်ယောက်ထဲမဟုတ်ဘူးလား တော်ပြီရှောင်းကျန့် မင်းမနေချင်ရင် ဟန်ကျိုးကအမေတွေကိုသွားပြော ငါရှူတင်ချိန်နီးနေပြီ မင်းကိုဆေးရုံရှေ့မှာဝင်ချပေးခဲ့မှာမို့ ငါနဲ့တခါထဲလိုက်ခဲ့"

သူငယ်ချင်းIdol💚❤️Where stories live. Discover now