2

9.9K 731 11
                                    

"ကျန့်ကျန့် အိပေါ်သရုပ်ဆောင်တာကောင်းလား"
"အရမ်းကောင်းတယ် အိပေါ်လေးကအတော်ဆုံးပဲ ပွဲပြီးတာနဲ့ ဝမ်မားတို့နဲ့တန်းပြန်မှာမလား"
"အွန်း ဘာရို့ရဲ"
"ကျန့်ကျန့်က အချိန်ပိုရှိလို့ ပြန်မလိုက်တော့ဝူးနော် မားတို့ကိုပြောပေးအုံး ညကျမှလာကြိုလို့"
"ကျောပေးရင်ဘာကျွေးမှာယဲ"
"ဘာမှကျွေးဝူး"
"ဟွန့် ကျန့်ကျန့်ကအကျင့်ပုတ်လိုက်တာ အာ့ကြောင့်ရုပ်ဆိုးနေတာ😝 အိပေါ်အဝတ်အစားသွားလဲတော့မယ် တာတာ့"

ဖင်လုံးလုံးလေးနဲ့ထွက်သွားသော အိပေါ်ကိုအဝတ်အစားလဲခန်းထဲဝင်သွားတာသေချာတော့မှ ကျန့်ကျန့်လဲ စာသင်ခန်းရှိရာပြန်လာရတယ်...၊

"ရှောင်းမာမား ကျန့်ကျန့်ကမပြီးသေးဝူးလား တားဗိုက်ဆာနေပီ"
"အေးလေ ဒီကလေးအချိန်ပိုကလဲ ကြာလိုက်တာ အရင်က အဲလောက်မကြာပါဘူး"
"ဟိုမာ ထွက်လာပီ ကျန့်ကျန့်!!!"

"မား အိပေါ်"
"အိုက်ယား မင်းကအရမ်းကြာတာပဲ နောက်လာအကြိုတော့ဝူး "
"အိပေါ် ဗိုက်ဆာနေပြီလား ရော့ ဆရာမကမုန့်ပေးလိုက်တာ အိပေါ်စား"
"ချားဝူး အိမ်ရောက်မှ ရှောင်မာမားပို့ထားတဲ့ ကြာချွယ်ဟင်းချိုနဲ့ချားမာ"
"ဟားဟား ဟုတ်ပါပီ"

ကလေးနှစ်ယောက်စကားပြောနေတုန်း ရှောင်းမားက ဆရာမဖြစ်သူကိုသိချင်တာလေးတွေမေးရတယ်...

"ဆရာမ အချိန်ပိုဆင်းတာကျန့်ကျန့်တစ်ယောက်တည်းလား ဘာဖြစ်လို့လဲ စာများမလိုက်နိုင်လို့လား"
"ကျန်းကျန့်ကစာအလုပ်လွန်နေတာအစ်မရေ သူကသင်ပြီးတာတွေအပြင် အသစ်တွေပါထပ်သင်ခိုင်းနေလို့မနည်းတားယူနေရတယ် အခုလဲတခြားကလေးတွေကပြန်သွားကြပြီလေ သူသိချင်တာလေးတွေဖြေပေးနေလို့ကြာနေတာ"
"ဟုတ်တယ်ဆရာမရယ် အိမ်မှာလဲ ဝမ်လေးနဲ့ဆော့ချိန်ကလွဲပြီး ကျန်တဲ့အချိန်စာအုပ်နဲ့မျက်နှာကိုမခွါ မသိတာရှိရင်လည်း သူ့အဖေကို တလက်ဆက်မေးတာ တခါတလေ သူ့အဖေတောင်ထွက်ပြေးရတယ်"
"ကလေးကအရမ်းကြိုးစားပေမဲ့ သူ့အရွယ်နဲ့သူ သင်ယူသင့်တာပဲသင်ယူရမှာမလား အတိုင်းအတာနဲ့ပေါ့ရှင် ကဲ ကျွန်မကိုခွင့်ပြုပါအုံးနော်"
"ဟုတ်ကဲ့ဆရာမ ကျေးဇူးတင်ပါတယ်ရှင်"

သူငယ်ချင်းIdol💚❤️Where stories live. Discover now