40

6.1K 473 7
                                    

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့နေလာကြတာဖြင့် တစ်နှစ်ကြာပြီးတဲ့နောက်မှာ အလုပ်တွေအားလုံးပြီးဆုံးလို့ အနုပညာလောကကနေ တရားဝင်ထွက်လိုက်တဲ့ ရိပေါ်ဟာ သူ့ပရိသတ်တွေကိုကတိပေးထားတဲ့အတိုင်း vlog တွေရိုက်ဖို့စီစဉ်တယ်....
အနုပညာအလုပ်တွေလုပ်ခဲ့တုန်းက အနားမှာကူညီပေးခဲ့ကြတဲ့ assistant တွေကို studio မှာပဲ team တစ်ခုအနေနဲ့ဆက်ထားပေးထားသည်...၊

"အစ်ကိုလေးတို့က ဟင့် ကျွန်တော့်ကိုမလိုတော့ဘူးပေါ့ ဟင့် ရွှတ်"
"အာ yan ge ရယ် ခန္ဓာကိုယ်ကြီးမှအားမနာငိုမနေပါနဲ့ အစ်ကိုလေးရိပေါ်က yan ge ကိုအလုပ်ဖြုတ်မလား တခြားအလုပ်တွေပေးမှာပေါ့"

studio ထဲအော်ငိုနေတဲ့ yan geကို ဖန်ရှင်းကနှစ်သိမ့်ပေးလို့နေတယ်...ထိုစဉ် ရိပေါ်ရောက်လာပြီး...

"yan ge က ကျွန်တော့အတွက် ထာဝရဘော်ဒီဂတ်ပါပဲ တခြားသူတွေအလုပ်ထုတ်ဖြစ်ရင်တောင် yan geကို ကျွန်တော့နားမှာပဲထားမှာ ရှူတင်တွေမရှိတော့ဘူးဆိုပေမဲ့ ကျွန်တော်နဲ့ကျန့်ကျန့် ဘယ်သွားသွား yan ge နဲ့ဖန်ရှင်းကပုံမှန်အတိုင်းပဲလိုက်ပေးရမှာ"

"ဟုတ် ကျေးဇူးပါအစ်ကိုလေးရာ ကျွန်တော်က အစ်ကိုလေးနဲ့မခွဲချင်တာပါ"
"ဟုတ်ပါပြီ အစ်ကိုကြီးရာ"

ရိပေါ်စနောက်ပေးမှပဲ yan ge ကပြုံးရွှင်စွာရယ်မောလာတော့သည်...၊
အလုပ်ကိစ္စတွေပြောဆိုဆွေးနွေးကြပြီးတော့ လုပ်ငန်းခွင်ထဲပြန်ဝင်နေပြီဖြစ်တဲ့ ရှောင်းကျန့်ကိုကြိုဖို့ ရိပေါ်ကားနဲ့ထွက်လာတယ်...studio ကိုလက်လွှဲပေးထားတဲ့ဖန်ရှင်းကိုတော့ အရင်လိုအနီးအနားသွားလေရာမခေါ်သွားတော့ပေ။

.....

ဆေးရုံရှေ့နားမှာပဲကားကိုရပ်လို့ ဂိမ်းဆော့နေရင်းရှောင်းကျန့်ကိုစောင့်နေလိုက်တယ်...ဂိမ်းထဲဈန်ဝင်နေလို့ ကားတံခါးလာခေါက်မှပဲ ကျန့်ကျန့်ရောက်နေမှန်းသိလို့ ကမန်းကတန်းလော့ဖွင့်ပေးတော့ လက်ဖဝါးချင်းပွတ်တိုက်ပြီး ကားထဲဝင်ထိုင်တဲ့ ရှောင်းကျန့်က ကားထဲရောက်တော့လဲ ဒူးကနေခြေမျက်စိအထိ လက်တွေနဲ့ပွတ်တိုက်ကာ....

"အူးး အပြင်မှာအေးစိမ့်နေတာပဲသိလား အိပေါ်"

ဘယ်လောက်တောင်အေးလာလဲမသိ နှာထိပ်တွေရဲနေပြီး နှာလဲတရှုံ့ရှုံ့နဲ့ဖြစ်နေသောကြောင့် heater ကိုတိုးပေးလိုက်သည်...၊

သူငယ်ချင်းIdol💚❤️Where stories live. Discover now