32

6K 526 16
                                    

"အစ်ကိုလေး ဒေါက်တာချောင်ဆေးရုံမလာတာနှစ်ရက်ရှိပြီတဲ့"
"ဘာဖြစ်လို့တဲ့လဲ"
"သူတို့လဲမသိကြဘူး ပုံမှန်ဆိုခွင့်ယူရင် တခြားတစ်ယောက်ကအစားဝင်ပေးဖို့ ခွင့်တိုင်ရတယ် ဒေါက်တာချောင်ကခွင့်တိုင်ခြင်းမရှိဘူးတဲ့"
"စိတ်ဝင်စားစရာပဲ ကျန့်ကျန့်ရဲ့သတင်းတွေရော လိုက်ပိတ်ခိုင်းတာအခြေအနေဘယ်လိုလဲ"
"စသိသိခြင်းထဲက လိုက်ပိတ်ပေမဲ့ သတင်းကတော်တော်ပြန့်နေပြီ မူရင်းတင်တဲ့အကောင့်ကိုလဲဆက်သွယ်လို့မရဘူးအစ်ကိုလေး ဒါပေမဲ့ရသလောက်တော့လိုက်ဖျက်နေပါတယ်"
"အင်း အဆင်ပြေသလိုလုပ်ထား"

"CEO က အစ်ကိုလေးနဲ့တွေ့ချင်နေတယ်"
"ကျန့်ကျန့်ကိစ္စပဲမလား ရတယ် ငါခဏနေသွားတွေ့လိုက်မယ် အဖြစ်မှန်သေချာမသိပဲအရေးမပါတာတွေလုပ်ကြအုံးမယ်"

Entertainment ကိုကြော်ငြာကိစ္စနဲ့ရောက်နေတဲ့ ရိပေါ်ကပြောပြောဆိုဆို CEO ရုံးခန်းရှိရာသွားတော့ CEO က လူတစ်ယောက်နဲ့စကားပြောနေသည်...

"ရိပေါ် လာလေ အတော်ပဲ မိတ်ဆက်ပေးရမယ် ဒါက သူဌေးဟွမ်တဲ့ variety show တွေနဲ့ပတ်သတ်တဲ့ပရိုဂျူဆာတစ်ယောက် သိတယ်မလား"
"သိပါတယ် ဆေးရုံကလူတွေနဲ့လုပ်အားပေးသွားတဲ့ ပရိုဂရမ်ရိုက်တဲ့အစ်ကို ဒါနဲ့ CEO ကကျွန်တော့်ကိုဘာအတွက်တွေ့ချင်တာလဲ"

"အင်း ပြောရမယ်ဆို အခုတက်နေတဲ့သတင်းအတွက်ပဲ ရိပေါ်နဲ့ရှောင်းကျန့်ဆိုတဲ့ဒေါက်တာက နဂိုကတည်းကရင်းနှီးတာတို့တွေသိပြီးသားဆိုပေမဲ့ အခုလိုသတင်းဆိုးတွေတက်ပြီး ရိပေါ်ကိုလဲထိခိုက်နေတော့...."

"ကျွန်တော့ကိုမထိခိုက်ပါဘူး CEO"

"ရိပေါ်ကမထိခိုက်ဘူးလို့ခံယူထားပေမဲ့ တခြားအလုပ်ကိစ္စတွေတော့ထိခိုက်လာနိုင်တယ်လေ ဆိုတော့ တို့စဉ်းစားထားတာက ရိပေါ်နဲ့ပတ်သတ်တဲ့မကောင်းတဲ့သတင်းတွေထွက်မလာစေဖို့ ဒေါက်တာရှောင်းကျန့်နဲ့ဘာမှပတ်သတ်မှုမရှိကြောင်း တို့တွေဘက်ကစာထုတ်ပြန်ရမယ် ပြီးတော့ ရိပေါ်အတွက် ရှောင်းကျန့်နေရာမှာ ဒီက သူဌေးဟွမ်ရဲ့ညီဝမ်းကွဲကိုထားပေးထားမယ် ရိပေါ်တို့ချင်းလဲရင်းနှီးပြီးသားလို့ပြောတယ်...ပြီးတော့ပရိတ်သတ်တွေကလဲသဘောကျကြတယ်လေ"

သူငယ်ချင်းIdol💚❤️Where stories live. Discover now