17

6K 518 4
                                    

"ဖန်ရှင်း ရှောင်းကျန့်ကိုဖုန်းခေါ်ကြည့် အရင်ကတခါမှနောက်မကျဖူးပါဘူး"

ရှောင်းကျန့်ရဲ့အဆောင်ရှေ့မှာ ရိပေါ်တို့ကားရပ်နေတာကြာပီ အရင်ကဆို ကြိုရောက်နှင့်နေတတ်တဲ့ရှောင်းကျန့်ကို ဒီနေ့အရိပ်တောင်မမြင်ရ ရှူတင်ချိန်ကလဲနီးနေပီမို့ ဖန်ရှင်းကိုဖုန်းဆက်ခိုင်းရသည်...

ဖန်ရှင်းဖုန်းခေါ်တော့ ဒုတိယမြောက်မှဖုန်းကိုင်တယ် ဒါပေမဲ့ ဒေါက်တာရှောင်းတော့မဟုတ်....

"ဟယ်လို ဒေါက်တာရှောင်းရဲ့ဖုန်းမဟုတ်ဘူးလားခင်ဗျ"
"ဒေါက်တာရှောင်းရဲ့ဖုန်းပါရှင့် ဘယ်သူများပါလဲ"
"ဟို သူ့ညီဝမ်းကွဲပါ သူနဲ့ပြောချင်လို့"
"အော် ဆရာရှောင်းက လူနာတစ်ယောက်ကိုသွေးလှူထားတာ အခုအဖျားပါဝင်နေလို့ဆေးရုံမှာနားနေတယ်ရှင့်"
"ဗျာ စိုးရိမ်ရလား"
"မစိုးရိမ်ရပါဘူး သွေးလှူထားတာဆိုတော့ အားနဲနဲနည်းနေလို့ပါ"
"ဟုတ်ကဲ့ အခုလိုဖြေပေးတာကျေးဇူးပါ ကျွန်တော် နောက်မှဆေးရုံလာကြည့်လိုက်ပါ့မယ်"
"ဟုတ်ကဲ့ပါရှင့် ဆရာရှောင်းနိုးနေရင်လဲပြောလိုက်ပါ့မယ်"

စပီကာဖွင့်ထားတာမို့ ရိပေါ်တို့တစ်ကားလုံးဖုန်းထဲကပြောသမျှအကုန်ကြားရသည်....၊

မနေ့ကပွဲလာတုန်းကတောင်အကောင်း ဒီနေ့ရှူတင်လိုက်ရမှာသိနေတာကို သွေးသွားလှူသော ရှောင်းကျန့်ကို ရိပေါ်ခမျာ စိတ်ဆိုးရခက် စိတ်မဆိုးရခက်နဲ့။ ကိုယ်ခံအားမကောင်းရင် ဘာကိစ္စသွေးလှူရတာလဲ အဲဒိဆေးရုံတစ်ခုလုံးမှာ ရှောင်းကျန့်မှသွေးမလှူရင် တခြားအလှူရှင်မရှိတော့ဘူးတဲ့လား။

"အစ်ကိုလေး အစ်ကိုလေး!"
"ဘာလဲ"
"ဟို ရှူတင်ကိုမောင်းလိုက်တော့မယ်နော်"
"အင်း မောင်းလိုက်တော့လေ ပြီးတော့ ဖန်ရှင်း ရှောင်းကျန့်ကြိုက်တတ်တဲ့မုန့်တွေနဲ့ အားဆေးတွေဝယ်ပေးထား ရှူတင်ပြီးတာနဲ့ ဆေးရုံလိုက်သွားမယ်"
"ဟုတ် ကျွန်တော် ဆေးရုံအုပ်ကိုအစ်ကိုလေးလာမယ်ဆိုတာ အကြောင်းကြားထားလိုက်ပါမယ်"
"အင်း"

.....................

"ကဲ ဘယ်လိုလဲ ဒေါက်တာချောင်...ဒေါက်တာချောင်က ဆရာရှောင်းကိုအမြင်ကတ်ပေမဲ့ ဆရာရှောင်းကတော့ တခြားအလုပ်ရှိနေတာတောင် ဒေါက်တာ့ကို ကူညီပေးခဲ့တာနော် အမြင်တွေကြည်လင်သင့်ပီ ကလေးတွေလဲမဟုတ်တော့ဘူး"

သူငယ်ချင်းIdol💚❤️Where stories live. Discover now