5

8.2K 731 7
                                    

တင်းတောင်! တင်းတောင်!....

ဂျောက်...

"ဟာ မနက်ပိုင်း ဘာမှမရှိဘူးဆိုတာနဲ့ အိပ်နေလိုက်တာ ဘဲလ်လာတီးမှနိုးလာတယ်ပေါ့ ကျွန်တော်မလာတာနဲ့ အစ်ကိုလေးလဲမထတော့ဘူးမလား"
"ဖန်ရှင်း ငါညကဘယ်အချိန်မှအိပ်ရလဲမင်းမသိတာလဲမဟုတ်ပဲနဲ့ မနက်စာပါလာလား ပြင်ထားလိုက် ငါပြီးရင် ပြန်ဆင်းလာမယ်"
"ညရှူတင်က ၁နာရီတည်းကပြီးတာ အစ်ကိုလေးဂိမ်းဆော့တာက တစ်ညလုံးလေ တစ်ခုခုဆိုဆေးရုံပြေးတိုင်းကောင်းတာမဟုတ်ဘူးနော် ဆေးရုံသွားရတာကြိုက်တာ အစ်ကိုလေး တစ်ယောက်ပဲရှိမယ်ထင်တယ်"

ဖန်ရှင်းရဲ့ပွစိပွစိအသံကိုလျစ်လျူရှုလို့ အပေါ်ပြန်တက် မျက်နှာသစ်ပြီး ပြန်ဆင်းလာတော့ စားပွဲပေါ်မှာမနက်စာအဆင်သင့်....

"ဖန်ရှင်း ဒီနေ့ Colgate fan meeting ကဘယ်အချိန်လဲ"
"နေ့လည်၃နာရီပါ fan meeting မှာတော့ သွားအရမ်းစိပြီးပြုံးပြနေဖို့မလိုဘူးနော်အစ်ကိုလေး ပုံမှန်အတိုင်းပဲပြုံးလို့ရတယ် 😬 "
"ငါသိပါတယ် 😏 fan meeting မှာငါဘာလုပ်ရမှာလဲပြောထားအုံး"
"ဟုတ် အရင်ဆုံး MC နဲ့အစ်ကိုလေးကစကားတွေပြောမယ် ပြီးရင် သွားကျန်းမာရေးနဲ့ပတ်သတ်တာကို fan တွေကိုမေးရမယ် အကောင်းဆုံးဖြေနိုင်တဲ့သူကို စင်ပေါ်ကိုခေါ်ပြီး Colgate ကလက်ဆောင်ပေးပြီး အစ်ကိုလေးနဲ့ဓာတ်ပုံတွဲရိုက်ပေးမှာပါ"
"အင်း သိပြီ"
"ဒါနဲ့ အစ်ကိုလေး အန်တီဝမ်က ဖုန်းဆက်ပါအုံးတဲ့"
"ဖန်ရှင်း မင်းလဲတစ်နေ့နေ့ ငါ့အိမ်ကဖုန်းဆက်ပါအုံးပဲသတိပေးနေတယ် ငါအားရင်ဆက်မှာပေါ့"
"အစ်ကိုလေးက အားလဲဆက်မှမဆက်တာ အန်တီဝမ်ကလဲနေ့တိုင်း ကျွန်တော့ဆီ အစ်ကိုလေးဖုန်းဆက်ဖို့လှမ်းလှမ်းပြောနေတာလေ တစ်ခါလောက်ဖြစ်ဖြစ် ပြန်ဆက်ပေးလိုက်ပါလားဗျာ အန်တီဝမ်သနားပါတယ်"

ဖန်ရှင်းဆိုသည်မှာ ဘယ်တော့မှရိပေါ်ကိုမလေးစား(သူစိမ်းတွေရှေ့ကလွဲလို့) သူများတွေဆို ရိပေါ်ရဲ့ စကားဆိုအပိုမပြောတတ် ရုပ်တည်တည်နဲ့ခပ်ချေချေနေတတ်မှန်းသိလို့ တော်ရုံဆို ရှိန်ကြတယ်...၊ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေနဲ့ဆို တရင်းတနှီးဆက်ဆံတတ်တဲ့ ရိပေါ်အကြောင်းသိတဲ့ ဖန်ရှင်းကတော့ ထိုသို့မဟုတ်။
ဖန်ရှင်းနဲ့တွေ့တာက ကိုရီးယားမှာကတည်းက ရိပေါ် training လုပ်ရတဲ့ entertainment မှာ ဖန်ရှင်းက နာမည်သိပ်မရသေးတဲ့ ကိုရီးယားသရုပ်ဆောင်တစ်ယောက်ရဲ့မန်နေဂျာ...ထိုသရုပ်ဆောင်က ဖန်ရှင်းကိုအရမ်းအနိုင်ကျင့်တာကြောင့် ရိပေါ်ကမသိမသာကူညီပေးရင်း ဖန်ရှင်းနဲ့ရင်နှီးလာတယ်...၊ နောက်ဆုံး ရိပေါ် တရုတ်ပြည်ပြန်လာတော့ ဖန်ရှင်းပါလိုက်လာပြီး ရိပေါ်ရဲ့မန်နေဂျာအဖြစ်အလုပ်အတူတူတွဲလုပ်ကြတယ်...၊ တကယ်တော့ဖန်ရှင်းက idol တစ်ယောက်ရဲ့ မန်နေဂျာအနေနဲ့အရမ်းတော်တဲ့သူတစ်ယောက် ဘယ်အရာမှလစ်ဟာမှုမရှိစေပဲ အရမ်းစေ့စပ်လွန်းတယ် အဲဒါကြောင့်လဲ ရိပေါ်က ဖန်ရှင်းကိုဆို ယုံကြည်တယ် တခါတလေ မတည့်တာကလွဲလို့ပေါ့...။

သူငယ်ချင်းIdol💚❤️Where stories live. Discover now