41 ( Final 💚❤️ )

10.7K 700 45
                                    

"မတွေ့တာကြာပြီနော် ရှောင်းကျန့်ကောနဲ့ရိပေါ်"
"ဘယ်တုန်းကပြန်ရောက်နေတာလဲရိထျန်"

"ဒီနေ့ပဲပြန်ရောက်တာ ဟို ကျွန်တော်...နှစ်ယောက်စလုံးကိုပြန်လာတောင်းပန်တာ မဖြစ်သင့်ဘူးဆိုပေမဲ့လဲ"

ရိပေါ်စိတ်တစ်ထစ်လျှော့လို့ ရိထျန်ကိုအိမ်ထဲပေးဝင်လိုက်တယ်...ရှောင်းကျန့်ရဲ့လက်တွေကိုတော့လုံးဝမလွှတ်ပေးပဲစုပ်ကိုင်ထားပေးသည်...၊

"ထိုင်ပါ"

ရိထျန်ကခေါင်းကိုငုံ့လို့ ပြောရမှာအားနာနေတဲ့ပုံဖြစ်နေတယ်...ရိပေါ်ကလဲနဂိုထဲကစိတ်မရှည်တဲ့လူဖြစ်တာတစ်ကြောင်း ဒီနေ့မှပင်ပန်းလာတဲ့ရှောင်းကျန့်ကရိထျန်ကိုတွေ့ပြီး စိတ်အနှောက်အယှက်ဖြစ်နေမှာမလိုလားတာကြောင့် ရိထျန် စပြောဖို့ စကားထောက်ပေးလိုက်သည်...

"ရိထျန်ပြောစရာရှိတာပြောပါ"

ရိပေါ်အသံကြားတော့မှ ရိထျန်တစ်ယောက်ဆိုဖာပေါ်ထိုင်နေရာမှ ကြမ်းပြင်သို့ဆင်းကာ ဒူးထောက်လိုက်သည်...ရုတ်တရတ်ဆိုတော့ ရိပေါ်တို့နှစ်ယောက်လုံးအံ့အားသင့်နေပြီး ရိပေါ်ကပဲ...

"ရိထျန် အဲလိုမလုပ်ပါနဲ့ထပါ"
"ကျွန်တော့ကို ဒီ ဒီတိုင်းလေးနဲ့စကားပြောခွင့်ပေးပါ"

ရိပေါ်လဲပြောမရတာနဲ့လွှတ်ပေးလိုက်တယ်...

"ရှောင်းကျန့်ကော အရမ်းလန့်သွားခဲ့တယ်မလား ကျွန်တော့ကိုလဲကြောက်သွားခဲ့မှာပဲ...ကျွန်တော်စိတ်မထိန်းနိုင်လိုက်လို့ပါ လောဘကြီးပြီးရယူလိုစိတ်ပြင်းထန်သွားတယ် အဲဒိမတိုင်ခင်ကတည်းက ကျွန်တော်ကဆေးတွေသောက်နေရတဲ့သူပါ ရိပေါ်နဲ့တွေ့ပြီးကတည်းကဆေးတွေဖြတ်လိုက်တော့ ကျွန်တော့စိတ်ကျွန်တော်မထိန်းနိုင်ပဲပိုဆိုးသွားခဲ့တယ် ကျွန်တော့အရူးစိတ်နဲ့ကြားထဲကကောကိုပဲဒုက္ခရောက်စေခဲ့တာမို့ ကျွန်တော်တောင်းပန်ပါတယ်...အခုကျွန်တော်ဆေးကုသမှုသေချာခံယူပြီးလို့ စိတ်သန့်သန့်နဲ့ကောတို့ကိုလာတောင်းပန်တာပါ ပြီးရင် ကျွန်တော်မိဘတွေဆီပဲပြန်နေတော့မှာ ဒီနိုင်ငံမှာလုံးဝအခြေမချတော့ပါဘူး...၊ ရိပေါ်ကိုလဲတောင်းလဲတောင်းပန်တယ် ကျေးဇူးလဲတင်ပါတယ် အမှုတွေပိတ်ပေးတဲ့အတွက်၊

သူငယ်ချင်းIdol💚❤️Where stories live. Discover now