22

5.6K 506 7
                                    

ထမင်းစားခန်းထဲသို့ နှာခေါင်းတရှုံ့ရှုံ့နဲ့ဝင်လာတဲ့ ရှောင်းကျန့်ကို ရိပေါ်ကတော့မကြည့်ပဲ ဝယ်လာတဲ့ညစာကိုအဆက်မပြတ်စားနေတယ်....

"အိပေါ် ဘာတွေဝယ်လာတာလဲ"
"ဟို ဖက် ဖက်ထုတ်ပြုတ်လေ ပူတုန်းစားလိုက်အုံး"
"အွန်း ဒါနဲ့ဘာလို့ ခေါင်းကြီးငုံ့နေတာလဲ နေပါအုံး မင်းမျက်နှာကြီးကရဲလို့ နေမကောင်းဘူးလား"
"ကောင်း ကောင်းပါတယ် ဒါနဲ့....အဟမ်း... ငါသိချင်လို့ မင်း ဟိုကားတွေကိုကြည့်တာ ဘာလို့ငိုပြီးကြည့်ရတာလဲ"
"ဘာကားတုန်း...အာ ခုနကငါကြည့်နေတဲ့ကားလား အရမ်းသနားဖို့ကောင်းလို့လေ နာကြင်နေတဲ့မင်းသားလေးကိုကြည့်ပြီး ငါစိတ်မထိန်းနိုင်ပဲငိုမိတာ"

"သူ.... သူနာတာကို မင်းကပါလိုက်နာနေလို့လား"
"အေးလေ ဒီလောက်သနားဖို့ကောင်းတာကို သူ့နေရာမှာ မင်းဆို ငါပိုလို့တောင်ငိုမိအုံးမှာ ငါ့အိပေါ်လေးသနားပါတယ်ဆိုပြီး"
"ရှောင်းကျန့် မင်း... ငါကဘာလို့ခံရတဲ့သူဖြစ်ရမှာလဲ ဖြစ်ချင်ဖြစ် အပေါ်ကလုပ်တဲ့သူပဲဖြစ်ရမှာပေါ့"

"အမ်! ငါပြောတာ ဆင်းရဲလို့သူများတွေဝိုင်းအနိုင်ကျင့်တာကိုခံရတဲ့မင်းသားလေးကိုသနားတာလေ အကယ်ဒမီရှော့အခန်းတွေကြီးပဲနော် တစ်ကားလုံးငိုနေရတာချည်းပဲ အဲဒါကြောင့် သူ့နေရာမှာမင်းဆိုလဲ ငါပိုငိုမိမှာလို့ပြောတာ အဲဒါကို ဘာကိုအပေါ်ကလုပ်တာလဲ မဟုတ်မှ....အိပေါ် မင်း ဟိုအခန်းကြည့်လိုက်ရတာလား"

"ဘာ ဘာအခန်းလဲ"

"မိန်မိန်ကပြောလိုက်တယ် အမှောင်ခန်းတစ်ခန်းပါတယ်တဲ့ မင်း အဲဒါကြည့်လိုက်ရတာလား"
"အဲဒါက... အဲဒါကမင်းဖွင့်ထားလို့လေ ငါကအမှတ်တမဲ့ကြည့်မိတာလေ ပြီးတော့ မင်းကအဲအခန်းလာတဲ့အချိန် ရေချိုးခန်းထဲဝင်သွားတာဆိုတော့..."

"ဟားဟား အိပေါ်ကတစ်ယောက်ထဲကွက်မှောင်သွားတာပေါ့ ဟားဟားဟား"

ရှောင်းကျန့်ကရယ်တော့ ရိပေါ်ရှက်ပြီး မျက်နှာကပိုရဲလာတယ်၊ တော်ရုံလူမြင်ရခဲတဲ့ idol ဝမ်ရိပေါ်ရဲ့ ရှက်နေတဲ့မျက်နှာကိုမြင်လိုက်ရတာ ရှောင်းကျန့်မာန်တောင်တက်ချင်သွားတယ် ဒါမျိုးဆိုတာ မှတ်တမ်းတင်လို့ကောင်းတဲ့အရာပဲ.....

သူငယ်ချင်းIdol💚❤️Where stories live. Discover now