38 💚❤️

6.9K 527 5
                                    

"မင်္ဂလာပါ... ကျွန်တော်ပြောစရာဆိုတာထက် ကြေငြာစရာလေးရှိလို့ပါ၊ အားလုံးလဲဖြစ်သမျှကိစ္စအပေါ်အမြင်ရှင်းလင်းသွားပြီဆိုရင် ဒေါက်တာရှောင်းနဲ့ပတ်သတ်ပြီးမကောင်းပြောတာတွေရပ်စေချင်တယ်၊ အဟမ်း...ကျန့်ကျန့်နဲ့ကျွန်တော်နဲ့က ငယ်ငယ်ကတည်းကနှစ်အိမ့်တစ်အိမ်နေလာခဲ့ပြီး နှစ်ယောက်လုံးက တစ်ဦးတည်းသောသားတွေဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်ကြီးကြပါတယ်။ ကလေးဘဝက ကျွန်တော်မင်းသားဖြစ်ရင် သူကကျွန်တော့ personal doctor လုပ်ပေးမယ်ဆိုပြီး ကတိပြုခဲ့ကြတယ် တစ်ကယ်လည်းနှစ်ယောက်စလုံးကတိကိုအကောင်အထည်ဖော်နိုင်ခဲ့တယ်။ ကျန့်ကျန့်ကကျွန်တော့အတွက်အရေးပါတဲ့လူတစ်ယောက်ပါ သူတစ်ယောက်ပဲကျွန်တော့ဘေးနားအမြဲရှိသွားမှာပါ အဲဒါကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ မလိုလားအပ်တဲ့မဟုတ်တဲ့သတင်းတွေဆက်မရေးကြပါနဲ့ ထပ်ပြီးတိုက်ခိုက်လာတာတွေရှိရင် ဥပဒေအရ အရေးယူသွားမှာပါ၊
ထပ်ပြီးပြောချင်တာကတော့ ရိုက်လက်စဇာတ်ကားတွေချုပ်ထားတဲ့စာချုပ်သက်တမ်းတွေပြည့်ပြီးရင် အနုပညာလောကကနေထွက်တော့မှာပါ ဒါပေမဲ့ ကျွန်တော့ပရိတ်သတ် ကျွန်တော့ကိုချစ်ခင်ပေးတဲ့လူတွေအတွက် ကိုယ်ပိုင် studio ကနေ vlog လေးတွေရိုက်ပြီး အမြဲတင်ဆက်ပေးသွားမှာဖြစ်ကြောင်း ပြောချင်ပါတယ် ဒီလောက်ပါပဲ ကျေးဇူးတင်ပါတယ်"

🎤"ရိပေါ် ရိပေါ် ဘာကြောင့် အနုပညာလောကကထွက်မှာလဲ အကြောင်းပြချက်ရှိလား ဖြေပေးပါ"

🎤"ရိပေါ် အခုပြသာနာဖြစ်ခဲ့တဲ့ကိစ္စနဲ့ဆိုင်လို့လား

🎤 CEO ကရော ဒီကိစ္စလက်ခံတာလား ဖြေပေးပါရိပေါ်

အောက်က သတင်းသမားတွေက မေးခွန်းထုတ်စရာတွေအများကြီးနဲ့ တစ်ယောက်တစ်ပေါက်အသံတွေထွက်လာတော့ ရိပေါ်ကလက်ကာပြကာ...

"အားလုံးရဲ့မေးခွန်းတွေကျွန်တော်မဖြေပေးနိုင်ပေမဲ့ ဘာကြောင့်အနုပညာလောကကထွက်လဲဆိုတဲ့မေးခွန်းကိုဖြေပေးပါမယ်...
ကျွန်တော်ချစ်ရသူအတွက်ပါ... ကျွန်တော်အနုပညာလောကမှာဆက်နေရင် အခုလိုပဲ တစ်နည်းမဟုတ်တနည်းနဲ့ ကျွန်တော်ချစ်ရသူတွေကို တစ်ယောက်မဟုတ်တစ်ယောက်တိုက်ခိုက်နေမယ် အဲကျရင် အခုလိုထပ်ဖြေရှင်းရမယ်...၊ ဘယ်သူမဆိုကိုယ်ချစ်တဲ့လူကိုကာကွယ်ပေးချင်ကြတယ်မဟုတ်လား ကျွန်တော်ကကိစ္စမရှိပေမဲ့ ၁၃နှစ်သားလောက်ထဲကအိမ်ကထွက်သွားလို့ အမြဲစိတ်ပူခဲ့ရတဲ့မိဘတွေ တခြားကိုယ်ချစ်သူခင်သူတွေကို ဒီကောလဟာလဝဲဂယက်ထဲမှာရှိမနေစေချင်ဘူး သူတို့တွေပျော်ရွှင်တာပဲမြင်ချင်တယ် ဒီလောက်ပါပဲ ကျွန်တော်ပြောတာနားလည်မယ်ထင်ပါတယ်"

သူငယ်ချင်းIdol💚❤️Where stories live. Discover now