14

6.2K 529 16
                                    

"ဆရာရှောင်း ပေါ်ပေါ်ကဘယ်သူများလဲ"

"တယုတယနဲ့တောင်ပေါင်းတင်ပေးတာဆိုတော့ ဆရာရှောင်းကြီး စွံနေပြီလား"

ဆေးရုံမှာနေ့ခင်း ထမင်းစုစားနေကြတုန်း မနေ့ကတင်လိုက်တဲ့ ပို့စ်ကိုဝိုင်းစနေတာကြောင့် ရှောင်းကျန့်တစ်ယောက် ဂုဏ်ဆာနေတယ်.....ဟုတ်တယ်လေ နာမည်ကြီး idol တစ်ယောက်နဲ့အနီးကပ်နေရတာ နဲတဲ့ကုသိုလ်လား ပြီးတော့ သူက လူတိုင်းကြိုက်တဲ့ အချေမင်းသားနဲ့ ရင်းနှီးလွန်းတဲ့ သူငယ်ချင်း ငယ်ကျွမ်းဆွေအစ်ကိုတစ်ယောက်....။
ဒါပေမဲ့ ပေါ်ပေါ်ဆိုတာ ဝမ်ရိပေါ်မှန်းမသိကြသလို ရှောင်းကျန့်ကလဲမပြောပြဖြစ်ဘူး ဒါက အိပေါ်ရဲ့ ကိုယ်ရေးကိုယ်တာအချိန်လေနော်။

ရိထျန်ကတော့ ရှောင်းကျန့်တင်လိုက်တဲ့တဲ့ပို့စ်အရ ရှောင်းကျန့်ခေါင်းအုံးနေတဲ့ပေါင်ဟာ ဘယ်သူ့ပေါင်လဲခန့်မှန်းနေစရာမလိုအောင် သိနေခြင်း၊
မနာလိုဘူး လုံးဝမနာလိုဘူး...ဘာလို့ ရှောင်းကျန့်နေရာမှာသူမဖြစ်ရတာလဲ၊ ရှောင်းကျန့်နဲ့ သူချစ်ရတဲ့ရိပေါ်က ဘာလို့တအားရင်းနှီးနေရတာလဲ။ ရိထျန် စိတ်ထဲအတွေးတွေများနေပေမဲ့ အပြင်ပန်းမှာတော့ ရှောင်းကျန့်တို့ကိုကြည့်ပြီးပြုံးနေတယ်...။

"အရေးပေါ်လူနာရောက်တယ်တဲ့ မြန်မြန်စားကြ"

ဒီလိုပါပဲ သူတို့အဖွဲ့တွေက ၁နာရီမပြောနဲ့ နာရီဝက်ပြည့်အောင်တောင် စကားပြောရင်း ထမင်းစားလို့မရဘူး ဆေးရုံကြီးဖြစ်တဲ့အတွက် လူနာတွေကတော့အချိန်ပြည့်ရှိနေတတ်တာပါပဲ။

"ဟင့်အင်း ဆေးထိုးချင်ဘူးကြောက်တယ် အနားလာခဲ့နဲ့"

"ဘာဖြစ်နေတာလဲဆရာမ"
"ဆရာရှောင်းပါလား ဒီကလေးအတွက် အားဆေးထိုးပေးမလို့ကို အထိုးမခံဘူးလုပ်နေတယ်"
"ဆရာမ ဟိုဘက်မှာသွားဝိုင်းလုပ်လိုက်ပါ ကျွန်တော်ကလေးကိုဆေးထိုးပေးလိုက်မယ်"
"ဟုတ်ကဲ့ ကျေးဇူးပါဆရာရှောင်းရေ"

တာဝန်ကျဆရာမထွက်သွားတော့ ကလေးရဲ့ကုတင်နားမှာရှောင်းကျန့်ဝင်ထိုင်လိုက်တယ်... ဒီကလေးလေးက ဆေးရုံကိုသွေးအားနည်းရောဂါနဲ့ရောက်လာတာ ဆေးပုလင်းချိတ်တာမကြိုက်တဲ့ကလေးကို အားဆေးတစ်နေ့တစ်လုံးထိုးပေးရတာ ဆေးထိုးတိုင်းလဲ ပြဿနာရှာလွန်းလို့ ဒီကလေးဆို ဆေးထိုးပေးဖို့ တာဝန်ကျဆရာ ဆရာမတွေက လက်တွန့်တယ်...ကလေးက မထင်ရင်မထင်သလိုကလဲ ကုန်းကုန်းကိုက်တတ်သေးတာလဲပါသေးတယ်။ ဆေးလာထိုးတိုင်းလဲ အနားမှာစောင့်နေတဲ့သူက ဘယ်ရောက်လို့ဘယ်ပေါက်သွားမှန်းမသိရ။

သူငယ်ချင်းIdol💚❤️Where stories live. Discover now