ဇမ္ဗူကျော်ဇော|ဇမၺူေက်ာ္ေဇာ

14.7K 602 8
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

💖ဇမ္ဗူကျော်ဇော💖

~~~~~

"တောင်း...တောင်းပန်ပါတယ် boss၊
ကျွန်တော်...ကျွန်တော် တကယ်မှားသွားပါတယ်၊တစ်ခါပဲ...ဒီတစ်ခါပဲ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ၊"

မျက်စိရှေ့မှာ ဒူးထောက်လျက် တောင်းပန်နေရှာသော တပည့်တစ်ယောက်ကြောင့် ဇော စုတ်သပ်မိသည်။လက်ထဲက စီးကရက်ကို ခွက်မှာဖိချေလိုက်ကာ ဆုံလည်ထိုင်ခုံမှာထိုင်နေရာမှ ဇော မတ်တပ်ထရပ်လိုက်သည်။

"လွှတ်ထား၊"

ဇောရဲ့အမိန့်နောက်မှာ တောင်းပန်နေတဲ့တပည့်လေးရဲ့ လက်နှစ်ဖက်ကိုချုပ်ကိုင်ထားတဲ့ ဇောရဲ့အခြားတပည့်နှစ်ယောက်က လွှတ်လိုက်လေသည်။

"မင်းအပြစ်ကိုမင်းသိလား၊"

"သိ...သိပါတယ် boss၊ဒါပေမယ့်..."

ဇောက ညာဖက်လက်ဖဝါးကိုမြှောက်ကာ ဆက်မပြောရန်တားလိုက်တော့ တပည့်လေးက စိုးရွံ့ထိတ်လန့်စွာ နှုတ်ဆိတ်သွားလေသည်။

"ငါ့ကို အပိုစကားတွေလာမပြောနဲ့၊ငါမေးတာကိုပဲဖြေ၊ဟုတ်ပြီ မင်းအပြစ်ကိုမင်းသိတယ်ဆိုတော့ ငါကအပြစ်ပေးရမှာပေါ့၊အဲ့ဒါကို မင်းကျေနပ်ရဲ့လား၊"

"တောင်းပန်ပါတယ် boss၊ကျွန်တော်...ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ၊"

"ကျစ်!ငါမေးတာပဲဖြေ၊ပြီးတော့ ငါ့ကို ဘယ်တော့မှလာမတောင်းပန်နဲ့၊အပြစ်မလုပ်ခင်အရင်စဥ်းစား၊အပြစ်တွေကျူးလွန်ပြီးမှလာမတောင်းပန်နဲ့၊ငါကခွင့်မလွှတ်တတ်ဘူး၊"

ဇော ပြောပြီး ခါးကြားထဲက လက်ဆွဲတော်သေနတ်ကို ထုတ်ကာ ဒူးထောက်နေသောတပည့်လေးဆီ ချိန်ရွယ်လိုက်သည်။

"မင်းကြောင့် ငါ့စီးပွားရေးတွေအများကြီးထိခိုက်သွားရတာ၊ငွေပမာဏက မများဘူးဆိုပေမယ့် ဒုစရိုက်လောကရဲ့ဘုရင်လို့တင်စားခံထားရတဲ့ ငါ့ဂုဏ်သိက္ခာတွေ အများကြီးထိခိုက်လိုက်ရပြီ၊"

"boss ကျွန်တော့်ကိုမသတ်ပါနဲ့၊"

"မင်းမိသားစုကို ဘာမှာခဲ့ချင်လဲ၊"

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now