အပိုင်း-၇|အပိုင္း-၇

3.2K 287 27
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

"ဈာန်...ငါဒီနေ့ ဦးရဲ့ကုမ္ပဏီကို လိုက်သွားကြည့်မလားလို့၊"

"သဘောလေ၊"

နွေးလည်း မနက်စာစားရန် လှေကားမှဆင်းလာရင်း ဈာန်နဲ့တိုင်ပင်မိသည်။ဘာမှနားမလည်ဘူးဆိုပေမယ့် ရောက်ဖူးတယ်ရှိအောင်တော့ ဦးရဲ့ကုမ္ပဏီကို လိုက်သွားဦးမှမဟုတ်လား။

"မင်းပါလိုက်ခဲ့ ဈာန်၊တစ်ယောက်တည်းဆို ပျင်းလို့သေမှာ၊"

"မင်းဟာ တကယ့်ငပျင်းဘုရင်၊"

"အံမှာ ငါက...အမေ့!"

'ခွမ်း!´

"အားး!"

ထမင်းစားခန်းထဲဝင်လာရင်း ဈာန်နဲ့စကားပြောလာသည်မို့ ထမင်းစားခန်းထဲကထွက်လာတဲ့ နီထွေးကို သတိမထားမိလိုက်။ဝင်တိုက်မိကာ နီထွေးရဲ့လက်ထဲမှ ကော်ဖီခွက်က နွေး ခြေထောက်ပေါ် မှောက်ကျလေ၏။

ကော်ဖီက အပူရှိန်အရမ်းမပြင်းပေမယ့် နွေး ခြေထောက်တော်တော်ပူသွားရသည်။

"ကလေး!! ဘာဖြစ်သွားသေးလဲ၊ဘယ်လောက်ထိသွားတာလဲ၊ဦး ကြည့်မယ်နော်၊"

ထမင်းစားပွဲမှာထိုင်နေရာမှ နွေးရဲ့အနားကို ကပြာကယာပြေးလာသူက ဦး။ဦးရဲ့မျက်နှာပေါ်မှ စိုးထိတ်မှုများက သိသာထင်ရှားစွာပင်။

နွေးရဲ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ကာ နွေးရဲ့ခြေထောက်ကို ကိုင်လိုက်လေသည်။

"ကန်တော့နော် ဦး၊"

"တော်တော်ပူသွားမှာပဲ၊ဆေးရုံသွားရအောင်၊ဆေးထည့်ရုံနဲ့စိတ်မချဘူး၊ဓာတ်မှန်ဘာညာရိုက်ကြည့်ပြီး..."

"အဲ့လောက်ကြီးမလိုပါဘူး ဦးရဲ့၊ခရမ်းချဥ်သီးပွတ်လိုက်ရင်ရပါပြီ၊"

ဦးက နွေးရဲ့ကော်ဖီမှောက်ကျသွားတဲ့ခြေထောက်ကို မတို့ရက်မထိရက်သလို ခပ်ဖွဖွလေးထိကာ စိုးရိမ်တကြီးပြောနေလေသည်။

တကယ် မှောက်ကျကျခြင်းကပူပေမယ့် အခုတော့သက်သာနေပါပြီ။ဒါကို ဆေးရုံသွားရရင် အိုဗာဖြစ်နေမည်။

"ဖြူဖွေး...ငါ့ကို ခရမ်းချဥ်သီး၁လုံးလောက် ၂ခြမ်း ခြမ်းပြီးယူလာခဲ့ပေးပါလား၊"

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now