အပိုင်း-၁|အပိုင္း-၁

6.9K 535 23
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

ငြိမ်းချမ်းခြင်းမိဘမဲ့ဂေဟာ။

မန်ကျည်းပင်ပေါင်းများစွာဖြင့် စိမ်းစိုကာ
အရိပ်အာဝါသကောင်းမွန်သော ဂေဟာတစ်ခု။မြို့အစွန်ခြံကျယ်ကြီးတွင်တည်ရှိသဖြင့် တိတ်ဆိတ်ငြိမ်သက်ကာ နာမည်အတိုင်း အမှန်တကယ်ကို ငြိမ်းချမ်းသည်။

"ဈာန်...ဈေးစရင်းစာရွက်ပါပြီလား၊"

"အကုန်ပါတယ်၊"

"ဒါဆိုလည်း လာသွားကြမယ်၊"

ဈာန်က ဆိုင်ကယ်လ်မောင်းပြီး နွေးက
အနောက်ကလိုက်စီးကာ မြို့မဈေးသို့ ထွက်လာခဲ့လိုက်သည်။

နွေးတို့ ငြိမ်းချမ်းခြင်းမိဘမဲ့ဂေဟာမှာ
ကလေးငယ်ငယ်လေးတွေသာ မိဘမဲ့အဖြစ်ရှိပေမယ့် နွေးနဲ့ဈာန်က ချွင်းချက်။

မွေးကင်းစကတည်းကနေ အခုအချိန်အထိ
အကြောင်းအမျိုးမျိုးကြောင့် ဒီဂေဟာမှာ
သောင်တင်နေသည်ခေါ်မလား။
လုပ်အားပြန်ပေးနေသည်ခေါ်လေမလား။

ဒီနေ့က ဈေးနေ့ဖြစ်၍ ဂေဟာအတွက်
တစ်ပတ်စာစားသောက်ကုန်များဝယ်ရန်
ဂေဟာရဲ့ကျောင်းအုပ်ဆရာမကြီးမှ
တာဝန်ပေး၍ နွေးနဲ့ဈာန် ထွက်လာခဲ့ရခြင်းပင်။

နွေးတို့ငယ်ငယ်တုန်းကတော့ ဂေဟာက လက်ထောက်ဆရာမလေးက ဈေးသွားပေမယ့် နွေးတို့ ဆယ်တန်းအောင်ပြီးကတည်းက နွေးတို့သာဈေးသွားရသည်။

နွေးတို့ ၁၀တန်းမအောင်ခင်တုန်းက
ကျောင်းမှလွဲ၍ ဂေဟာအပြင်ကိုသိပ်မထွက်ရ။အခုမှသာ ဈေးကို သွားလာခွင့်ရသည်။

အခု နွေးတို့နှစ်ယောက်ရဲ့အသက်က ၁၆၊တက္ကသိုလ်တက်ရန်စောင့်နေကြခြင်းပင်။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

နွေးတို့ဂေဟာနဲ့မြို့မဈေးက နည်းနည်းလှမ်းသည်မို့ ဆိုင်ကယ်လ်ကို ၁၅မိနစ်လောက်စီးရသည်။

ဈေးကိုရောက်တော့ ဆိုင်ကယ်လ်ကို စတန်းမှာအပ်ကာ ဈာန့်ကိုနောက်ကနေဈေးခြင်းဆွဲစေပြီး နွေးကတော့ ဈေးဝယ်ရန် အရှေ့ကနေ တက်တက်ကြွကြွ။

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now