အပိုင်း-၁၂|အပိုင္း-၁၂

2.6K 220 40
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

တစ်ရက်ဆိုတာ ဖင်လှည့်ခေါင်းလှည့်နဲ့ကုန်သွားတော့ နွေးတို့ ဘာလီသွားမယ့်နေ့ကို ရောက်ရှိလာလေသည်။

မနေ့ညကကတည်းက လိုမယ်ထင်တဲ့အရာတွေ...Oishiတို့ အအေးတို့ ဇီးထုပ်တို့ ပီကေတို့ အကုန်ထည့်ပြီးပြီ။စားနပ်ရိက္ခာအတွက်ကတော့ Readyပဲ။

သင်္ဘောနဲ့သွားမှာမို့ ဈာန်ကတော့ အမူးပြေ ရှူဆေးဘာညာထည့်နေသည်။အင်း အဲ့ဒါ သူတာဝန်ယူတဲ့အပိုင်း။

ဖက်ရှင်းပိုင်းကတော့ ထွေထွေထူးထူးမပြင်ဆင်မိ။ခါတိုင်းလိုပဲ JJဝမ်းဆက်တစ်စုံနဲ့ပဲ။

"ကလေး ပင်လယ်ဘက်သွားမှာကို အနွေးထည်မဝတ်ဘူးလား၊ပင်လယ်ထဲကျ တအားအေးမှာ၊"

"မေ့သွားလို့ ဟီး၊"

"ဖြစ်ရမယ်၊"

ဦးက ပြောရင်းဆိုရင်း သူဝတ်ထားသည့် Gucciအမှတ်တံဆိပ် အမွှေးပွဂျာကင်နီညိုရောင်လေးကို ချွတ်ကာ နွေးကို ဝတ်ပေးလာလေသည်။

နွေးလည်း ပီကေခွာလက်စမို့ ငြိမ်နေလိုက်မိသည်။

"ဒါနဲ့ဦးကကော...အနွေးထည်မဝတ်တော့ဘူးလား၊"

"ပြီးမှ နောက်တစ်ထည်ထုတ်လိုက်မယ်၊အခုလောလောဆယ်ကလေးဝတ်ထား၊ဦးဝတ်ထားတာမို့ ဦးရဲ့ကိုယ်ငွေ့တွေနဲ့ ပိုနွေးနေလိမ့်မယ်၊"

နွေးလည်း ပီကေကိုပါးစပ်ထဲထည့်လိုက်ရင်း ခေါင်းညိတ်ကာ ပြုံးမိသည်။

"ဦး ပါးစပ်ဟ..."

နွေးက ပီကေတစ်ခုကိုစက္ကူခွာကာ ဦးကို ခွံ့ကျွေးဖို့ပြင်တော့ ဦးက အသာတကြည်ပင် ပါးစပ်ဟပေးသည်။

"သတိုး ဟိုနေ့ကဝယ်လာတဲ့ဦးထုပ်ပေး၊"

ဦးကပြောလိုက်တော့ အစ်ကိုသတိုးက အသင့်ကိုင်ထားတဲ့ အနွေးဦးထုပ်အမည်းလေးကို ပေးလာသည်။

"ဟိုတစ်နေ့က ဦး ကုန်တိုက်တစ်ခုမှာ ဆိုင်ဖွင့်ပွဲတစ်ခုသွားတက်ရင်း ဒီဦးထုပ်လေးကိုတွေ့ပြီး ကလေးနဲ့ဆိုလိုက်မှာပဲဆိုပြီး ဝယ်လာတာ၊"

ဦးက ပြောပြရင်း နွေးရဲ့ခေါင်းမှာ ထိုဦးထုပ်လေးကို စွပ်ပေးလာလေသည်။

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now