5.5K 283 36
[Unicode]
💞💞💞💞💞💞💞💞💞💞💞💞💞💞
"ကိုကြီးမြဲမြံ...ရေသောက်လိုက်ပါဦး၊"
ဈာန့်ကိုခွဲစိတ်ခန်းဝင်နေတာကြာနေပြီ။အစကတော့ နွေးလည်း ခွဲခန်းရှေ့မှာ ရပ်စောင့်နေသေးသည်။နောက်တော့ ငိုနေရုံနဲ့မပြီးသေး။နွေး ငိုနေတာကို ဈာန်ကလည်း မြင်ချင်မှာမဟုတ်။
ထို့အပြင် ကိုကြီးမြဲမြံက မလှုပ်မယှက်ဖြင့် ဆေးရုံကြမ်းပြင်ပေါ်မှာ ထိုင်ကာ နံရံကို ကျောမှီထားသည်။သူ့ကို နှစ်သိမ့်ပေးရဦးမည်။
ကိုကြီးမြဲမြံက နွေး ပေးသည့် ရေဘူးကိုမယူ။ခေါင်းသာခါပြသည်။
"စိတ်ကိုတင်းမထားပါနဲ့ ကိုကြီးမြဲမြံ၊ငိုချင်ရင်ငိုချလိုက်နော်၊ကျွန်တော်ရှိတယ်၊"
"ဈာန်...ဈာန် ဘာမှမဖြစ်နိုင်ပါဘူးနော်၊စွာတေး ဈာန် ဘာမှမဖြစ်နိုင်ဘူးမလား၊"
ငိုသံပါကြီးနဲ့ပြောလာတဲ့ ကိုကြီးမြဲမြံ။နွေးလည်း ကိုကြီးမြဲမြံရဲ့နံဘေးမှာထိုင်ကာ ကိုကြီးမြဲမြံရဲ့ပုခုံးကိုဖက်ပြီး နှစ်သိမ့်ပေးမိသည်။ကိုကြီးမြဲမြံက နွေးရဲ့ပုခုံးပေါ်ကိုမှီကာ ငိုလာသည်။
"ဈာန် ဘာမှမဖြစ်နိုင်ပါဘူး၊"
ဈာန် ခွဲခန်းဝင်သွားတာ ကြာနေလေပြီ။အခုထိ ပြန်ထွက်မလာကြသေး။
ခွဲစိတ်ပေးမယ့်ဆရာဝန်က ဦးရဲ့မိတ်ဆွေ၊အတော်ဆုံးခွဲစိတ်ဆရာဝန်မို့ နွေးလည်း အကောင်းဆုံးဖြစ်ဖို့ဆုတောင်းမိသည်။
'ကျွီ´
ရုတ်တရက်ခွဲစိတ်ခန်းတံခါးပွင့်လာတော့ ကိုကြီးမြဲမြံနဲ့နွေးလည်း ဆတ်ခနဲထရပ်မိသည်။
"ဒေါက်တာ...ဒေါက်တာ ဈာန့်အခြေအနေလေး..."
"အသက်အန္တရာယ်ကနေလွတ်လာပြီဆိုပေမယ့် စောင့်ကြည့်ရပါဦးမယ်၊ကျည်ဆံက ကံကောင်းလို့ နှလုံးကိုမထိတာ၊သိပ်မစိုးရိမ်ပါနဲ့၊ဘာမှမဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်၊"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ၊"
"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး၊ခဏနေရင် လူနာကို VIP Room ထဲ ပြောင်းပေးပါလိမ့်မယ်၊"
🎉 You've finished reading 💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖 🎉
💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now