အပိုင်း-၃|အပိုင္း-၃

4.5K 389 29
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

ညက ပုစွန်ငရုတ်ပွဟင်းကိုစားကောင်းကောင်းနဲ့စားလိုက်တာ
ထမင်း၃ပန်းကန်လောက်ကို အသာလေးကုန်သွားပြီး ဗိုက်လေးလေးနဲ့ နွေးလည်းအိပ်ပျော်သွားတာ။

အခုအိပ်ရာနိုးလို့ နာရီကိုကြည့်လိုက်တော့ ၈နာရီခွဲ။ဂေဟာမှာဆို အစောနိုးနေကျမို့ ဒီအချိန်က နွေးအတွက် နောက်ကျနေလေပြီ။

နွေးလည်း ရေချိုးခန်းဝင်လိုက်ကိုယ်လက်သန့်စင်ပြီး ရေပါတစ်ခါတည်းချိုးလိုက်သည်။နွေရာသီမို့ အိုက်သည်လေ။ပြီးနောက်အဝတ်အစားလဲကာ မနေ့ကမှဝယ်လာတဲ့ ကျောက်ပျဥ်မှာသနပ်ခါးသွေးကာ လိမ်းလိုက်သည်။

အားး မျက်နှာလေးကိုအေးသွားတာပဲကွာ။

ပြီးတော့ ဗိုက်ဆာနေပြီမို့ မနက်စာစားရန် အခန်းထဲမှထွက်လာခဲ့လိုက်သည်။

"သခင်လေး နိုးလာပါပြီလား၊"

"ဟုတ် ဒေါ်ကြီး၊"

"သခင်ကြီးက မနက်စာစားပွဲမှာစောင့်နေပါတယ်၊"

"ဟင် ဟုတ်လား၊"

နွေးလည်း ပြောရင်းဆိုရင်း kitchenဘက်ကိုထွက်လာခဲ့သည်။ဦးကအလုပ်မသွားရဘူးလားမသိဘူး။

"မောနင်း ဦး၊"

"သြော် ကလေးနိုးလာပြီလား၊မောနင်း ကလေး၊"

ဦးကထိုင်နေရာမှထရပ်ကာ နွေး ထိုင်ဖို့ ထိုင်ခုံကိုထုတ်ပေးလာသည်။

"ဦးကအလုပ်မသွားရဘူးလားဟင် ၉နာရီထိုးနေပြီ၊"

"သွားမှာ...ကလေးနဲ့မနက်စာအတူတူစားချင်လို့၊"

ဦးက ပြောနေဆိုနေရင်း နွေးရှေ့ကခွက်ထဲကို ကော်ဖီငှဲ့ထည့်ပေးလေသည်။မနက်စာစားပွဲကို နွေး တစ်ချက်ကြည့်မိသည်။အစားအသောက်တွေမှ အစုံအလင်ပင်။

စပါကတီ...ပေါင်မုန့်စသဖြင့် ဘိုဆန်လွန်းသည်။

"ဦး...သားကလေ ဒီလိုအစားအစာတွေထက် မြန်မာဆန်တဲ့အစားအသောက်လေးတွေပိုကြိုက်တာရယ်၊ဒါတွေလည်းကြိုက်ပါတယ်၊မနက်စာကိုတော့ မြန်မာဆန်ဆန်လေးမှ၊"

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now