အပိုင်း-၁၈|အပိုင္း-၁၈

2.3K 192 15
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

ဒီနေ့က ကျောင်းပိတ်ရက်မို့ ဈာန်နဲ့နွေးလည်း အိမ်မှာနေရတာပျင်းလာ၍ ဂေဟာကို ထွက်လာခဲ့သည်။ဦးလေးကြီးက အလုပ်ရှိသည်ဆိုပြီးသွား၍မပါလာ။ငယ်တော့ပါလာ၏။

"ငယ်...မျက်နှာလည်းမကောင်းပါလား၊ဘာဖြစ်နေလို့လဲ၊"

"ဟုတ်တယ် အစ်ကိုသတိုး၊ကျွန်တော်လည်း သတိထားမိနေတာ၊အစ်ကိုသတိုး ဘာဖြစ်နေလို့လဲ၊ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ရတယ်၊"

နွေးက မမဇင်မာသုပ်ပေးသည့် လက်ဖက်သုပ်ကို စားနေရာမှ ဝင်ပြောလာလေသည်။ဈာန်တို့သုံးယောက် ဂေဟာထဲမှ တမာပင်အောက်မှာ ထိုင်ကာ လက်ဖက်သုပ်စားနေကြခြင်းပင်။

"အစ်ကို့ပုံစံက ပြဿနာရှိနေမှန်း သိပ်သိသာနေလားဟင်၊တောင်းပန်ပါတယ်၊အစ်ကိုက မင်းတို့ကို အပူပေးမိပြီထင်တယ်၊"

"မဟုတ်တာ၊ဘာဖြစ်နေတာလဲသာပြောစမ်းပါ ငယ်၊ဒါမှ ကျွန်တော်တို့ ကူညီနိုင်တာဆို ကူညီရမှာပေါ့၊"

"မိုးသောက်က တခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ်တဲ့၊"

"အဟွတ်!ဘာရယ်၊အစ်ကိုမိုးသောက်ကလေ၊တကယ်ကြီးလား၊"

နွေးက သောက်လက်စရေနွေးပင်သည်းသွားကာ တအံ့တသြမေးလေသည်။ဈာန်လည်း တကယ်အံ့သြမိသည်။

"ဒီလရဲ့ ဒုတိယအပတ်ထဲမှာ မင်္ဂလာဆောင်မှာတဲ့၊"

"သိပ်မလိုတော့ဘူးပဲ၊ကျွန်တော်ဖြင့် နားရှိလို့သာကြားရတယ်၊မယုံဘူးရယ်၊အစ်ကိုမိုးသောက်က မမိုက်ပါဘူးကွာ၊"

"သူ့အမေက စီစဥ်တာတဲ့လေ၊သူ့အမေမှာက နှလုံးရောဂါဖြစ်နေတော့ ငြင်းမရဘူးလေ၊"

"မြန်မာကားဆန်လိုက်တာဗျာ၊"

ဈာန်လည်း ရေနွေးတစ်ခွက်မော့သောက်လိုက်ရင်း ပြောမိသည်။တကယ် မြန်မာကားအထာကြီးလေ။

"အင်းနော် ဈာန်၊ဒါနဲ့ သူ့အမေက နှလုံးရောဂါဖြစ်နေတာ ဘယ်လောက်ကြာပြီတဲ့လဲ အစ်ကိုသတိုး၊"

"ရက်ပိုင်းပဲရှိသေးတယ်တဲ့၊"

"ဟမ်...နေပါဦး၊တစ်ခုခုတော့လွဲနေသလိုပဲ၊နှလုံးရောဂါရှိတာ ရက်ပိုင်းပဲရှိသေးတဲ့သူက ဘာလို့ ကိုယ့်သားကိုယ် အတင်းတွေလက်ထပ်စေချင်နေတာလဲ၊ကန်တော့ကန်တော့ ချက်ချင်းကြီးသေသွားမှာမို့လား၊"

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now