အပိုင်း-၉|အပိုင္း-၉

3K 254 16
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

တစ်အိမ်လုံးအိပ်မောကျနေလေပြီ။ဦးလေးကြီးနဲ့နွေးလည်း ပါတီပွဲကပြန်ရောက်ပြီဖြစ်သည်။

ညအစောပိုင်းကတည်းက အိပ်နေခဲ့တော့ ညသန်းခေါင်ကျော်ရောက်တော့ ဈာန် နိုးလာ၏။ခေါင်းမူးလည်းသက်သာလာသလို ရေလည်းဆာသည့်အပြင် အညောင်းပြေလမ်းလျှောက်ချင်ရင် အိမ်အောက်ကိုဆင်းခဲ့သည်။

တစ်အိမ်လုံးမည်းမှောင်နေ၏။

"ဟင်"

ထိုအချိန်တွင်ပွင့်ဟသွားသည့် အစ်ကိုမိုးသောက်နဲ့ငယ့်ရဲ့အခန်းတံခါး။မအိပ်ကြသေးဘူးလား။

"မိုးသောက် ငါရေသွားသောက်မလို့၊"

"ဟင့်အင်း ငါ့အနားမှာပဲနေပါကွာ၊"

ဈာန့်လက်ထဲက ရေထည့်ထားတဲ့ဖန်ခွက်လေးပင် တုန်ရီလာရလေသည်။အခန်းတံခါးဖွင့်ကာ ထွင်ဖို့ပြင်တဲ့ ငယ့်ကို အစ်ကိုမိုးသောက်က လက်မှဆွဲကာ နှုတ်ခမ်းကိုနမ်းလေသည်။

ဈာန် အမြင်မှားလားဆိုပြီး ခေါင်းခါကြည့်မိတော့ မမှား။ဈာန် ဆွံ့အစွာ ကြည့်နေခိုက်မှာပဲ ပြန်ပိတ်သွားတဲ့ အခန်းတံခါးလေး။

သက်သာနေပြီဖြစ်တဲ့ခေါင်းမူးခြင်းဝေဒနာက ပြန်နိုးထလာသလိုပင်။ဈာန် မယုံနိုင်စွာ ခေါင်းကိုခါယမ်းမိသည်။ရင်ဘတ်ထဲကနာကျင်မှုကိုခံစားနေရသည်။မျက်ဝန်းမှာ အရည်ကြည်အချို့ရစ်ဝဲနေသည်။

"ငယ်...ငယ်က ဆိုင်သူရှိပြီးသားလား၊"

ဈာန် အနီးနားထမင်းစားပွဲမှထိုင်ခုံလေးကိုဆွဲယူကာ ထိုင်ချလိုက်သည်။မတ်တပ်ရပ်နိုင်စွမ်းမရှိတော့။

ငယ့်မှာဆိုင်သူရှိနေတာနဲ့ ဈာန်က ဘာလို့ခံစားနေရတာလဲ။ဘာလို့ရင်ထဲနာကျင်နေရတာလဲ။အသည်းမကွဲဖူးပေမယ့် အသည်းကွဲသလိုခံစားချက်မို့ ဈာန် အသည်းကွဲနေတာလား။

ဒါ...ဒါဆို ဈာန်က ငယ့်ကိုချစ်နေမိတာလား။သိတာဖြင့်မကြာသေးပါပဲနဲ့လေ။

💞💞💞💞💞💞💞💞💞💞💞💞💞💞

"ဦး...သား ဒီနေ့ဦးရဲ့ကုမ္ပဏီကိုလိုက်ခဲ့လို့ရမလား၊"

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now