အပိုင်း-၁၆|အပိုင္း-၁၆

2.6K 217 18
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

"ဦး"

အလုပ်လုပ်နေသည့် ဦးက နွေးရဲ့ခေါ်သံကိုကြားတော့ ချက်ချင်းပဲ လှည့်ကြည့်လာလေသည်။

"ဘာလိုချင်လို့လဲ ကလေး၊ဦး ဘာလုပ်ပေးရမလဲ၊"

"ဘာမှမလိုချင်ပါဘူး၊ဦးကိုပြောချင်တာရှိလို့၊"

"ပြောလေ ကလေး၊"

နွေးလည်း အနွေးထွေးဆုံးပြုံးရင်း...

"ချစ်တယ်...အဲ့ဒီ့စကားကိုပြောချင်လို့၊ဘာလို့လဲ မသိဘူး၊ဦးကို စက္ကန့်နဲ့အမျှ ချစ်တယ်လို့ ပြောချင်နေတာ၊"

"အား အသည်းယားလိုက်တာ ချစ်လိုက်တာ ကလေးရာ၊ပိုပိုပြီးချစ်လာပြီ၊"

ဦးက လက်ပ်တော့ပ်ကိုချကာ အလျင်အမြန်ပင် နွေးရှိရာ ကုတင်ပေါ်ကို ရောက်လာလေရဲ့။နွေးကို ရင်ခွင်ထဲသွင်းပြီး ဖြစ်ညှစ်ကာ ဖက်တွယ်လေသည်။

"သားက နေကြာပန်းလေးဆို ဦးက နေရောင်ခြည်ပေးစွမ်းတဲ့ နေမင်းကြီး၊သားက ကုမုဒြာပန်းလေးဆို ဦးက လရောင်ပေးတဲ့ လမင်းကြီး၊"

"ကလေးလေးဟာ ဒီလူ့အသည်းကို အကြိမ်ကြိမ်ခြွေနေပါသတဲ့ဗျာ၊"

"အတည်ပြောတာ၊သူများက ရိုမန့်တစ်နေတာကို ဦးနော်၊"

"ဟုတ်ပါပြီဗျာ၊ဒါပေမယ့် ကလေးသိလား၊ရိုမန့်တစ်ဖြစ်ဖို့အတွက် စကားလုံးလှလှလေးလေးတွေမလိုပါဘူး၊ဦးရဲ့အနားမှာ ကလေးရှိတဲ့တစ်စက္ကန့်ချင်းဆီက ဦးအတွက် ရိုမန့်တစ်ဖြစ်တယ်၊"

နွေးလည်း ကြည်နူးရသည်။ဦးလိုလူမျိုးကို လက်တွဲဖော်ဖြစ်ခွင့်ရထားတာ ဘုရားပေးတဲ့ဆုလာဘ်တစ်ခု။

"ဦး ကမ်းခြေမှာခရုသွားကောက်ရအောင်၊"

"ခရုလား...သွားမယ်လေ၊"

ဦးက လက်ကမ်းလာသဖြင့် နွေးလည်း ပီတိဖြာသောအပြုံးတို့ဖြင့် ဦးရဲ့လက်ကို ဆုပ်ကိုင်မိသည်။

ဒီလက်ကို တစ်သက်လုံးတွဲထားပါမည်။ဘယ်လိုလောကဓံပဲကြုံပါစေ။ဦးရဲ့လက်ကို နွေး တစ်သက်လုံးမလွှတ်။

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now