အပိုင်း-၈|အပိုင္း-၈

3.1K 261 24
                                    

[Unicode]

💞💞💞💞💞💞💞💞💞💞💞💞💞💞

နောက်တစ်နေ့မနက်ရောက်တော့ ဦးနဲ့နွေး ဆေးရုံကိုထွက်လာခဲ့လိုက်သည်။ဖြူဖွေးကိုတော့ အဖော်အဖြစ်ခေါ်လာခဲ့၏။ဦးက နီထွေးကို နွေး စိတ်တိုင်းကျ တောင်းပန်ပေးမည်တဲ့လေ။

'ဒေါက်...ဒေါက်...ဒေါက်...´

ဆေးရုံအခန်းတံခါးကိုခေါက်လိုက်တော့ တံခါးလာဖွင့်ပေးသူက ဒေါ်ငယ်။
နွေးတို့လည်း ဆေးရုံခန်းထဲလှမ်းဝင်လာခဲ့သည်။

"နီထွေး သက်သာရဲ့လား၊"

နီထွေးက ဦးကိုမြင်တော့ ​ကြောက်လန့်သွားဟန်ပင်။နွေး မေးနေတာကိုလည်း ဂရုမစိုက်။

"သခင်ကြီး ကိုယ်တိုင်လိုက်လာတော့ အားနာလိုက်တာ၊အလုပ်ရှုပ်နေမှာပေါ့၊"

"ရတယ် ဒေါ်ငယ်၊နီထွေး သက်သာရဲ့လား၊ဘယ်လိုနေသေးလဲ၊"

"ဟုတ် သက်...သက်သာပါတယ် သခင်ကြီး၊"

ဦးကမေးတော့ တုန်တုန်ရီရီနဲ့ဖြေလေသည်။နီထွေးရဲ့ရင်ထဲမှာ ဦးကို ဘယ်လောက်ကြောက်နေမလဲဆိုတာ နွေး တွေးကြည့်ရုံနဲ့ကိုယ်ချင်းစာသည်။

"မနေ့ကကိစ္စအတွက် ငါစိတ်မကောင်းပါဘူး နီထွေး၊ငါလည်း ကလေးကိုထိခိုက်မိတော့ သွေးဆူသွားလို့၊ငါ့ကိုနားလည်မယ်လို့ထင်ပါတယ်၊မင်းသက်သာလာတဲ့အထိ ဆေးကုပေးမယ်၊လခလည်းမဖြတ်မှာမို့ အေးဆေးအနားယူပါ၊"

"ဟုတ်...ဟုတ်ကဲ့ သခင်ကြီး၊"

"ငါ့ကိုလည်း ခွင့်လွှတ်ပေးပါ နီထွေး၊"

"ဟုတ်...ဟုတ်ကဲ့ သခင်လေး၊"

နီထွေးက မဝံ့မရဲဖြင့်ခေါင်းညိတ်ပြလေသည်။နွေးလည်း အခုမှစိတ်ချမ်းသာရလေသည်။

"ဒါပေမယ့် နီထွေး...နောက်တစ်ခါတော့ ကလေးကိုမထိခိုက်မိစေနဲ့၊အဲ့ဒီ့အခါကျ ငါမင်းရဲ့အသက်ကို ချမ်းသာမပေးဘူး၊"

"ဦး..."

နွေးလည်း ပြန်မာကျောလာသည့်ဦးရဲ့ပုံစံကြောင့် စိတ်ပူရပြန်သည်။

"အိုကေ...ပြန်ကြရအောင် ကလေး၊"

"ဒါဆို ငါပြန်တော့မယ်နော် နီထွေး၊ဖြူဖွေး ပြန်ရအောင်၊"

💖အချစ်များစွာဦးဆီမှာ(အခ်စ္မ်ားစြာၪီးဆီမွာ)💖Where stories live. Discover now