🌹14🌹

9.1K 646 87
                                        

(Unicode Version)


"မေမေ..."

(၁၃)နှစ်အရွယ် သိင်္ဂါရက ဖယောင်းတိုင်တစ်ချောင်းကိုင်ပြီး မှောင်မည်းနေတဲ့ အခန်းငယ်ထဲကို ဝင်လာခဲ့သည်။

"မေမေ...ဘယ်မှာလဲ!?"

ထိုအခန်းထဲမှာ မိခင်ဖြစ်သူကို ရှာမတွေ့တာမို့ တခြားအခန်းဆီသို့ ကူးပြောင်းရှာ‌ဖွေရန် ဟန်ပြင်လိုက်ချိန်တွင် ကြမ်းပြင်ပေါ်က ဆီတွေကြောင့် ခြေထောက်ချော်ပြီး လက်ထဲက ‌ဖယောင်းတိုင်လည်း လွတ်ကျသွားလေသည်။ ထိုမီးတောက်က တစ်နေရာမှ တစ်နေရာသို့ အမြန်ကူးစက်ကာ အခန်းတစ်ခုလုံးလောင်မြိုက်လုနီးပါးပင်။

"မီး...မီးတွေ..."

ရေချိုးခန်းဘက်ကနေ ထွက်လာတဲ့ ဒေါ်အိမ်စည်က မီးတောက်မီးလျှံတွေကို မြင်တွေ့ချိန်မှာ အလွန်အမင်းကြောက်ရွံ့စိတ်နဲ့ မြေပြင်ပေါ် ထိုင်ချကာ ရူးသွပ်သူတစ်ယောက်လို ရေရွတ်နေခဲ့သည်။

"မေမေ..."

သိင်္ဂါရက မိခင်ဖြစ်သူဆီ ပြေးသွားပြီး ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားနိုင်အောင် ကြိုးစားလိုက်သည်။

"မေမေ...သားတို့ အမြန်ထွက်ကြရအောင်။ မီးအရမ်းကြီးလာရင် ပြေးလို့မရဘဲ ဖြစ်သွားလိမ့်မယ်။"

ဒေါ်အိမ်စည်က သိင်္ဂါရကို တုံ့ပြန်ခြင်းမပြုဘဲ မီးတောက်တွေကိုသာ အထိတ်တလန့်နဲ့ ငေးကြည့်ပြီး တစ်ကိုယ်တည်းရေရွတ်နေပြန်သည်။

"မီး...မီးတွေ...ကြောက်တယ်...အရမ်းကြောက်တယ်။"

သိင်္ဂါရလည်း ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ ဒေါ်အိမ်စည်ကို ရှိသမျှအင်အားနဲ့ ဆွဲခေါ်ဖို့ ကြိုးစားရတော့သည်။

"‌မေမေ...သားနဲ့ မြန်မြန်လိုက်ခဲ့ပါ။"

"အိမ်စည်!!!"

ဖခင်ဖြစ်သူရဲ့အသံကြောင့် သိင်္ဂါရ အားကိုးတကြီးဖြင့် လှည့်ကြည့်လိုက်မိသည်။

"ဖေဖေ...မေမေ့ကို ကယ်ပါဦး။ မေမေ ဘာဖြစ်သွားတာလဲမသိဘူး။"

ဦးဒီပက ဒေါ်အိမ်စည်ဆီ ပြေးလာပြီး ပွေ့ချီကာ အပြင်သို့ ခေါ်ထုတ်သွားတာမို့ သိင်္ဂါရလည်း မိဘနှစ်ပါးရဲ့အနောက်ကနေ အမြန်ပြေးလိုက်ခဲ့သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now