🌹33🌹

5K 404 32
                                        

(Unicode Version)


တစ်ပတ်ခန့်ကြာပြီးနောက်-

ထုံးတမ်းစဉ်လာအတိုင်း ဒေါ်အိမ်စည်ရဲ့ရက်လည်ဆွမ်းသွတ်ပွဲကို မိသားစုဝင်တွေက ကျင်းပပေးခဲ့ကြလေသည်။ ဘုန်းကြီး(၅)ပါးကို အရုဏ်ဆွမ်းကပ်ပြီးချိန်မှာ ဧည့်သည်တွေအတွက်လည်း အဆင်သင့်ချက်ထားတဲ့ မုန့်ဟင်းခါးကို ဧည့်ခံကျွေးမွေးခဲ့သည်။ ဦးဒီပရဲ့မိတ်ဆွေအင်အားက များပြားလှတာမို့ မိသားစုဝင်တွေအပြင် မင်းခန့်နဲ့ သူ့အမျိုးသမီးက ကူညီပြီး ဧည့်ခံပေးခဲ့ရသည်။ ဧည့်သည်တွေက နံနက်(၁၀)နာရီလောက်မှ လျော့ပါးသွားပြီး သိင်္ဂါရလည်း ထိုအချိန်ကျမှ မင်းခန့်နဲ့အတူ ခြံဝန်းထဲသို့ ထွက်လာကာ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့သည်။

"မင်းတို့ကို ငါ တကယ်ကျေးဇူးတင်ပါတယ်။ မင်းတို့သာ ဝင်မကူညီရင် လိုက်ဧည့်ခံပေးဖို့က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။"

"ရပါတယ်ကွာ။ ငါတို့လည်း အန်တီ့အတွက် ကူညီပေးခွင့် ရသွားတာပေါ့။"

မိခင်ဖြစ်သူကို သတိရတဲ့စိတ်ကြောင့် သိင်္ဂါရ ခေတ္တငြိမ်သက်သွားပြီးမှ ပြန်လည်အားတင်းကာ မင်းခန့်ကို ပြုံးပြလိုက်မိသည်။

"ငါလည်း ဒီအတောအတွင်း မေမေ့အသုဘအတွက် လိုက်လုပ်ပေးနေရလို့ မင်းနဲ့ လာမတွေ့ဖြစ်သေးတာ။"

"မင်း ငါ့ကို မေးစရာရှိတယ်မလား!?"

မင်းခန့်ရဲ့ခွင့်ပြုချက်ကို ရရှိပြီးချိန်မှာ သိင်္ဂါရလည်း သံသယဝင်နေသမျှ မေးမြန်းကြည့်လိုက်မိတော့သည်။

"မေမေ့အမှုက သွေးရိုးသားရိုးရော ဟုတ်ရဲ့လား!?"

"ဆေးစစ်တဲ့ ရလဒ်ကတော့ အသက်ရှုရပ်ပြီး သေဆုံးရတယ်လို့ပဲ ထွက်တာပါ။ ဒါပေမဲ့ မသေခင်မှာ ရုန်းကန်ထားတဲ့ လက္ခဏာမျိုး ငါ ‌တွေ့ထားတယ်။"

မိခင်ဖြစ်သူရဲ့‌သေဆုံးမှုက မသင်္ကာစရာကောင်းပေမယ့် တစ်စုံတစ်ယောက်ရဲ့ပယောဂပါဝင်နေမှာကိုတော့ သိင်္ဂါရ လုံးဝထင်မထားခဲ့ပေ။

"ဒါဆို...မေမေက အသတ်ခံရတာလား!?"

"သက်သေပြစရာ မရှိပေမယ့် ငါကတော့ အဲ့လိုပဲ ယူဆထားတယ်။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now