(Unicode Version)
တစ်ပတ်ခန့်ကြာပြီးနောက်-
ဦးဒီပနဲ့ လင်္ကာမျိုးအတွက် သိင်္ဂါရက ရက်လည်ဆွမ်းသွတ်ပွဲကို ကျင်းပပေးခဲ့ရလေသည်။ ဒေါ်အိမ်စည်အတွက် ရက်လည်ပွဲကို ကျင်းပပေးခဲ့စဉ်က လူစည်ကားခဲ့ပေမဲ့ ယခုတော့ လူအလာကျဲပြီး ခြောက်ကပ်ကပ်ဖြင့်သာ...
"သိင်္ဂါရ... ဘာမှစိတ်ထဲထားမနေပါနဲ့။ ကြားရက်ဆိုတော့ လူတွေက မအားလို့ မလာတာ နေမှာပါ။"
မင်းခန့်ရဲ့စကားက နှစ်သိမ့်ရုံသက်သက်မှန်း သိင်္ဂါရက သိရှိပြီးသားပင်။ ထို့ကြောင့် ပြုံးရုံလေး ပြုံးပြပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"မိထွေးကို သားက သတ်တယ်။ သားက သူ့ကိုယ်သူ သတ်သေသွားတော့ အဖေကပါ စိတ်ဓာတ်ကျပြီး သူ့ကိုယ်သူ သတ်သေသွားတယ်တဲ့။ ဒီလောက်အထိ ဇာတ်ရှုပ်ထွေးနေတဲ့ ရက်လည်ပွဲကို ဘယ်သူက လာချင်မှာလဲ!? ဘယ်သူကရော စိတ်မကောင်းပါဘူးလို့ ဟန်ဆောင်ပန်ဆောင်နဲ့ ပြောချင်ပါ့မလဲ!?"
သိင်္ဂါရရဲ့ယူဆချက်က မှန်ကန်နေတာမို့ မင်းခန့်လည်း ထပ်မံနှစ်သိမ့်မှုမပြုဖြစ်တော့ပေ။
"မင်းက စိတ်ဓာတ်ခိုင်မာတဲ့သူပါ။ မင်းနေရာမှာ ငါသာဆိုရင် ရူးကြောင်ကြောင် ဖြစ်သွားလောက်တယ်။"
"ငါက စိတ်ဓာတ်မခိုင်မာပါဘူး။ စိတ်ဓာတ်ပျော့ညံ့လွန်းလို့ အမှီအခိုတစ်ခုကို အမြဲတမ်းလိုက်ရှာနေတတ်တဲ့သူမျိုးပါ။"
"ဘာကို ဆိုလိုတာလဲ!?"
"အခုလိုမျိုး ရှေ့ဆက်လျှောက်နိုင်ဖို့ Theoအပေါ်မှာ ငါ မှီခိုခဲ့ရတာ။ သူသာ မရှိခဲ့ရင် အခုချိန်မှာ ငါ ဘာဖြစ်နေမလဲဆိုတာကို တွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး။"
"သူက မင်းအတွက် အဖော်မွန်ကောင်းတစ်ယောက်ပါ။ မင်းရဲ့အနားမှာ အမြဲတမ်းရှိပြီးတော့ သေချာဂရုစိုက်ပေးတတ်တယ်။ မင်းကိုလည်း တော်တော်လေးချစ်တဲ့ပုံပါပဲ။ ငါ့သူငယ်ချင်းက လူရွေးမှန်သွားတာပေါ့။"
အချစ်တစ်ခုတည်းကိုသာ ကြည့်မယ်ဆိုရင် Theoက ထိပ်ဆုံးမှာ နေရာယူထားပေမဲ့ သူ့ကို နာကျင်မှုအပေးနိုင်ဆုံးသူဆိုလည်း မမှားနိုင်တာ သေချာပေသည်။ ထိုအကြောင်းတွေကိုတော့ မင်းခန့်ကို သူ ပြောပြချင်စိတ် မရှိတော့တာမို့ ရေငုံနှုတ်ပိတ်နေလိုက်မိသည်။
ESTÁS LEYENDO
နှလုံးသွေးဖြင့် ရေးထိုးအပ်သော (Written In the Heart's Blood)