🌹34🌹

4.9K 396 25
                                        

(Unicode Version)


မွန်းလွဲ (၁)နာရီခန့်တွင်-

မိခင်ဖြစ်သူရဲ့နာရေးကိစ္စကြောင့် နားထားခဲ့ရတဲ့ ဆေးခန်းကို ယနေ့ ပြန်ဖွင့်ဖို့အတွက် သိင်္ဂါရ စီစဉ်ထားခဲ့လေသည်။ ထို့ကြောင့် အဝတ်အစားလဲပြီး အောက်ထပ်သို့ ဆင်းရန် ကြံရွယ်နေချိန်တွင် လူခေါ်ဘဲလ်သံကို ကြားလိုက်ရသည်။ ထိုအသံကြောင့် သူ့ရဲ့မသိစိတ်ထဲမှာ မျှော်လင့်ချက်လေးတစ်ခုက ဖြတ်ပြေးသွားသလိုပင်။ သို့ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ကိစ္စမို့ ခေါင်းထဲကနေ အမြန်ထုတ်ပစ်ပြီး တံခါးဆီသို့ တည်ငြိမ်စွာ လျှောက်လာခဲ့မိသည်။ တံခါးဝမှာ သူ မြင်တွေ့လိုက်ရသူက စိုင်းရသဦးသာ ဖြစ်လေသည်။

"ဪ...ရသပါလား!? အထဲကို ဝင်ခဲ့လေ။"

စိုင်းရသဦးက သိင်္ဂါရရဲ့ဖိတ်ခေါ်မှုအတိုင်း အခန်းထဲသို့ ဝင်လာပြီး ဆိုဖာပေါ်မှာ နေရာယူလိုက်တော့သည်။

"ကော်ဖီသောက်မယ်မလား!?"

"နေပါစေတော့...အစ်ကို။ ကျွန်တော့်ကြောင့် အလုပ်ရှုပ်မခံပါနဲ့။"

"ကော်ဖီဖျော်ပေးရုံလောက်နဲ့ အလုပ်မရှုပ်စေပါဘူး။ ခဏလေးစောင့်ဦးနော်။"

"ဟုတ်ကဲ့..."

သိင်္ဂါရက ကော်ဖီဖျော်ဖို့အတွက် နောက်ဖေးသို့ ဝင်သွားချိန်မှာ စိုင်းရသဦးလည်း အခန်းရဲ့ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ကြည့်လိုက်မိသည်။ ရိုးရှင်းမှုတွေနဲ့ တန်ဆာဆင်ထားတဲ့ ထိုအခန်းလေးက Theoရဲ့စိတ်အေးချမ်းရာလေး ဖြစ်ခဲ့ပေသည်။ အခန်းလေးက သူ အရင်တစ်ခေါက် လာလည်ခဲ့စဉ်ကအတိုင်း မယိုယွင်းဘဲ တည်ရှိနေပေမယ့် အမည်မသိနိုင်တဲ့ အေးစက်မှုတစ်မျိုးကိုလည်း ခံစားနေရပြန်သည်။

"အစ်ကို့အခန်းက ပျင်းစရာကြီးဖြစ်နေတယ်မလား!?"

ကော်ဖီတစ်ခွက်ကို စိုင်းရသဦးရဲ့‌အရှေ့က စားပွဲပေါ်မှာ ချပေးပြီး သိင်္ဂါရက ပြောလာခဲ့သည်။

"ကျွန်တော်ကလည်း ရှုပ်နေအောင် ပြင်ဆင်ထားတာမျိုးဆို သိပ်မကြိုက်တော့ အခုလိုပုံစံမျိုးက အဆင်ပြေတယ်လို့ တွေးနေတာပါ။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now