1

8.6K 509 15
                                    



မျက်၀န်းထောင့်မှ ရိပ်ခနဲ မြင်နေရတဲ့ သစ်ပင်များက အရေအတွက် မည်မျှကျော်ဖြတ်ပြီးသည်ကိုမသိ....မှန်ပြတင်းခြားနေပေမယ့် ရေငွေ့တစ်ချို့က မှန်ပြင်ကို ရိုက်ခတ်နေသည်မို့ ခပ်ဝါးဝါးဖြစ်နေသည်။ ကားအတွင်းမှာ သီချင်းအေးအေးကို ဖွင့်ထားတာမို့ မှေးစက်အနားယူနေသူများအနေဖြင့် သက်တောင့်သက်သာ ရှိလှသည်။

ချန်းယောလ်က မှန်ချပ်ကနေ လမ်းအပြင်ကို ငေး
မောနေရင်းမှ အတော်လေးညောင်းညာ နေပြီဖြစ်
သော ညဘက်လက်မောင်းကို သာသာလေး ဆွဲ
ထုတ်ရန် ကြိုးစားနေရသည်။ လက်မောင်းနှစ်ဖက်နဲ့ ထွေးပွေ့ထားရတဲ့ ကိုယ်လုံးလေးကို နည်း
နည်းလေးမှ မလှုပ်ရှားမိစေဘဲ ညောင်းညာမူအားဖြေဖျောက်ရသည်မှာ အတော်မလွယ်ကူသော ကိစ္စပင်တည်း....

အိမ်ကထွက်လာကတည်းက အနွေးထည်မပါဘဲ
တီရှပ်အဖြူပွပွလေးနဲ့သာ ထွက်လာတဲ့ ချစ်ရသူလေး ‌အေးနေမှာစိုးလို့ ချန်းယောလ်အပေါ်ထပ်ကို
၀တ်ပေးပြီး ကားပေါ်မှာပါသော စောင်‌ကိုပါ‌ ‌ခြေ
ဖဝါးထိလုံနေအောင် ခြုံထားပေးရသည်။ချန်းယောလ်မေးစေ့အောက်မှာ ရှိနေတဲ့ ခေါင်းဦးပိုင်း
လေးကို ငုံ့နမ်းလိုက်ပြီး...ချန်းယောလ်မှာ အနားမ
ယူနိူင်ဘဲအတွေးပွားနေရသည်။

ဒီနေ့ ညနေမှာ ဘတ်ဟျွန်း နဲ့သူ ခိုးပြေးလာကြ
ခြင်းဖြစ်သည်။ဘတ်ဟျွန်းက ငယ်ငယ်‌ လေး
ကတည်းက ပိုးမွေးသလို မွေးထားခြင်းခံရသူဖြစ်ပြီး သူ့အိမ်မှာ သဲသဲလှုပ် ချစ်ခံရတဲ့....အရာရာလို‌ လေသေးမရှိ ပြီးပြည့်စုံနေသော ဘတ်ဟျွန်းလိုသူဌေးသားလေး အနေဖြင့်....

ချန်းယောလ်လို မပြည့်စုံသော လူတစ်ယောက်
နောက်ကို ရဲရဲ ဝံ့ဝံ့ လိုက်လာခြင်းကို ကျေးဇူးတင်
ရသည်။

တစ်လောကလုံးကို ပစ်ပြီး ချန်းယောလ်လက်ကို
ယုံယုံကြည်ကြည် ဆုပ်ကိုင်ခဲ့တဲ့ ချစ်ရသူလေးအား သူ့မိဘတွေလို ပြည့်ပြည့်စုံစုံ မထားနိူင်ပေ
မယ့် အတတ်နိူင်ဆုံး ကောင်းမွန်အောင် ထားမယ်
လို့လဲချန်းယောလ်ဆုံးဖြတ်ချက်ချထားသည်။

အခု ပထမဆုံးအနေနဲ့ နေရမယ့် မြို့ငယ်လေးကိုရောက်ရင် တရားရုံးမှာ လက်မှတ်ထိုးရမည်...

614 Story (Complete)Where stories live. Discover now