13

2.4K 298 38
                                    

"အဲ့ဒါကြောင့် !ဘာမှ မသိဘဲ ဘာလို့ သွားကူညီ
ပေးလဲ ?"

"တန်ဖိုးကြီးတာ တစ်ခုခု ဖြစ်နေမှာစိုးလို့ပေါ့ ဟင့်
ရွှတ် "

ချန်းယောလ် ရေပတ်တိုက်ပေးတာကို ငြိမ်ခံနေရင်းရှိုက်နေသေးသည်။ ချန်းယောလ် မှာ ရယ်လဲရယ်ချင် ရယ်လဲ မရယ်ရက်ပေ...

"ဟုတ်ပ !သူမေ့တတ်တာကြီးကလဲ လွန်လွန်းပါ
တယ်..ကိုယ့် ကလေးလေးကို ဒုက္ခများအောင် လုပ်ရတယ်လို့..."

ဘတ်ဟျွန်း မျက်ခမ်းစပ် ရဲရဲ နှာခေါင်းရဲရဲလေး
ဖြင့် ကြွက်ဖြူကလေးနှင့်တူနေသည်။ချန်းယောလ် အသဲယားကာ နှခေါင်းလုံးလုံးလေးကို လှမ်း
ကိုက်လိုက်သည်။

"ချစ်လိုက်တာ "

"ချန်းက ဘာလို့ ဒီအိမ်ကိုငှားတာတုန်း !သူ ဒီလောက်မေ့တတ်တာ..ချန်းကိုတောင် သူမမှတ်မိ
ဘူး "

"ကိစ္စမရှိပါဘူး..သူများ‌တွေပြောတယ် သူကမေ့တတ်ပေမယ့် စိတ်ရင်းတော့ ကောင်းတယ် တဲ့
ဘေဘီရဲ့..."

ရေပတ်၀တ်ကို ချကာ ဘတ်ဟျွန်းလက်ကလေးကို ဆွဲယူ၍ လက်ဖမိုးကို အနမ်းနွေးနွေးပေးမိသည်။ ချန်းယောလ် စိတ်တွေ နူးညံ့ပြီး လှုပ်ရှား
နေသည်။ ငိုထားလို့ ပန်းနုရောင် ပြေးနေတဲ့ ဘတ်ဟျွန်း မျက်နှာလေးက ဆယ်ကျော်သက်ကလေးလိုရင်ခုန်စေဖို့ ကောင်းကောင်းလုံလောက်၏။

ချန်းယောလ် ဘတ်ဟျွန်းကိုယ်လုံးလေးကို ရင်ခွင်
ထဲ ဆွဲသွင်းကာ ဖက်ထားလိုက်ပြီး ...

"ဘေဘီသိလား ?ကိုယ်ဘာလို့ ဒီအိမ်ကို ငှားချင်ခဲ့လဲဆိုတာ "

"ပတ်ဝန်းကျင် ငြိမ်လို့ဆို "

"အင်း ...နောက်ထပ်ရှိသေးတယ်...ဒီ နံရံတွေက
လုံ‌လို့ "

"ဘာလို့လဲ ရေ ယိုမှာစိုးလို့လား?"

"ဪ...ဘယ်ကသာ..နံရံလုံတော့ ဘေဘီ ကောင်းကောင်းအော်လို့ရတယ်လေ..."

"ဘာကို အော်ရမှာလဲ.."

"ကဲ !ဘာအော်ရမလဲဆို တာ အခုပဲပြမယ်ကွာ"

ချင်ချင်းပဲ ဘတ်ဟျွန်း အင်္ကျီကို ဆွဲဟ ကာ ညှပ်ရိုးလေးကို ငုံ့နမ်းလာတာမို့ ဘတ်ဟျွန်း ခန္ဓာကိုယ်လေး တုန်ခနဲ ဖြစ်သွားသည်။ဘာမှလဲ
ပြန်မပြောရဲဘဲ ငြိမ်နေမိသည်။

614 Story (Complete)Where stories live. Discover now