ဘတ်ဟျွန်း မီးဖိုချောင်ထဲ ယောင်လည်လည် ဖြစ်နေရသည်။
အကြောင်းမှာ ဘတ်ဟျွန်း နေ့လည်ဘက် ပန်ကိတ်စားချင်သဖြင့် အစ်ကိုဆူဟိုကို ပူဆာလိုက်
သည်။ လူပျိုသိုးကြီးဆိုသည့်အတိုင်း အနည်းငယ်ဇီဇာကြောင်သော ဆူဟိုက သူခိုင်းတာလုပ်ပေးမှ လုပ်ကျွေးဟု အပေးအယူ လုပ်သဖြင့် ဘတ်ဟျွန်း ခေါင်းညိတ်ပြလိုက်သည်။အခုမှ ပြသနာက တက်၏။ ပန်ကိတ်ကတော့ အရသာရှိရှိစားပြီးသွားပြီ ...
သို့ပေမယ့် ဆူဟိုက...
ထောပတ်ဖျော်ရည် သောက်ချင်၍ ဖျော်ခိုင်းတာ
မို့ ဘတ်ဟျွန်း တိုင်ပတ်နေ၏။ ထောပတ်ဖျော်ရည် ဖျော်တတ်ဖို့ မပြောနဲ့ ထောပတ်သီးလဲ
ဘတ်ဟျွန်း မခွဲတတ်....ထောပတ်သီး ကိုင်ကာ ဘတ်ဟျွန်း စိတ်ညစ်နေသည်။ အခွံတွေမနွှာတတ်လို့တောင် ပန်းသီးဆိုလဲ အခွံပါဝါးစားရတယ်...ချန်းယောလ် ရှိရင်
တော့ အခွံခွာပြီးသားလေးစားရတာကို...ရေခဲသေတ္တာထဲမှ ထောပတ်သီး နှစ်လုံးကိုယူ၍
အခွံတွေခွာချလိုက်သည်။အခွံတွေကို အမှိုက်ပုံးထဲ ပစ်ချလိုက်ကာထွက် ပေါ်လာသော အလုံးမာမာ နှစ်လုံးကို ခွက်ထဲထည့်လိုက်ပြီး ရေခဲရေရယ်
သကြားရယ်ကိုပစ်ထည့်၍ အစ်ကို ဆူဟိုထံ ယူ
လာခဲ့လိုက်တော့သည်။"ရော့ !"
သတင်းစာဖတ်နေသော ဆူဟို ထံ ကမ်းပေးလိုက်တော့ မော့ကြည့်လာကာ...
"ဘာတုန်း ဒါက !"
"ထောပတ်သီး ဖျော်ရည်ဆို!"
"ငါမင်းကို ဖျော်ခိုင်းလိုက်တာလား?"
"ဟင်!မေ့သွားပြီလား အဲ့လိုမှန်းသိ မဖျော်လာပါဘူး...မေ့တဲ့ အတိုင်း ထားလိုက်ပါတယ် "
စားပွဲပေါ်တင်လိုက်ရင်း ဘတ်ဟျွန်း အလိုမကျစွာ
ပြောလိုက်သည်။ ဟုတ်သားပဲ...ဘတ်ဟျွန်း မီးဖိုချောင်ထဲ တ်ုင်ပတ်နေတာနဲ့ ဆူဟို ခမျာ မေ့
သွားရှာပြီ..."အင်း..ဖျော်တော့လဲ သောက်ရတာပေါ့..ဟင် !ဒါ ဒါက ဘာအလုံးကြီးတုန်း.."
ဆူဟိုခမျာ ခွက်ထဲ နှစ်နေရှာတဲ့ ခပ်ညိုညိုအလုံးကြီးနှစ်လုံးကို ပြူးကြည့်ကာ အံ့ဩနေရှာသည်။
YOU ARE READING
614 Story (Complete)