23

2K 330 35
                                    

"ဘေဘီ..ဘေဘီ ဘတ်ဟျွန်း!"

ချန်းယောလ် မှာ အိမ်မက်လားပင် ထင်မှတ်ရတော့သည်။တကယ်ပဲ ဘတ်ဟျွန်းက အနီရောင်
တီရှပ်ကလေးနဲ့ ဖြစ်သည်။

ဒေါသထွက်နေဟန်လဲရှိသည်။။

အသံနဲ့အတူ တစ်ဆတ်ထဲဆိုသလို လူကပါ ခြေသံပြင်းပြင်းနင်း၍ ဆေးရုံခန်းထဲ ၀င်ချလာကာ ချန်းယောလ် ဘေးနားက လူတွေကို တွန်းချလိုက်
သည်။ ရုတ်တရက်ကြီးလာပြီး ဘေးလူတွေပါ တွန်းပစ်တာကြောင့် ကြောင်နေတဲ့ လူတွေက တစ်ဖန် ဘတ်ဟျွန်း ကို ဖမ်းချုပ်ရန် ပြင်လိုက်သည်။

သို့သော် ဘတ်ဟျွန်းအပေါ် ကျရောက်မည့်လက်
တွေက ကျွမ်းကျင် လျင်မြန်လှတဲ့ လက်ထိပ်ခတ်
ခံရခြင်းမှာ အဆုံးသတ်သည်။

ဘာတွေ ဖြစ်ကုန်တာလဲ?ရဲကို ရဲက လက်ထိပ်ခတ်တယ်....ချန်းယောလ် ဘာမှ နားမလည်လိုက်ဘဲဘတ်ဟျွန်းကို လှည့်ကြည့်လိုက်မိသည်။ဘတ်ဟျွန်းကတော့ သူ့ကို စိုးရိမ်စွာဖြင့်မော့ကြည့်နေ၏။

ဘတ်ဟွန်းနဲ့အတူ ပါလာသော ရဲတွေကြောင့် ဂျာကြီး ခေါ် အီထယ်ဂျွန်း တစ်ယောက် သွေးပျက်လို့
နေပေမယ့်...

" ဟေ့ကောင်! ဘာလုပ်တာလဲ? သူတို့က ရဲ အရာရှိတွေ..မင်းဒီလိုလုပ်ခိုင်းလို့ရမလား အခုချက် ချင်းပြန်လွှတ်ပေးလိုက်စမ်း...?"

ထိုမှ သာ ချန်းယောလ်ကလွဲရင် ဘာမှ မြင်ပုံမရ
တဲ့ ဘတ်ဟျွန်းက သူ့အပေါ် အာရုံ စုကျလာသည်။

" မပူပါနဲ့! ခင်ဗျားလဲ ဖမ်းခံရမှာပါ.."

"ဘာကွ !!"

"အီထယ်ဂျွန်း...ခင်ဗျားက ဘာမဟုတ်တဲ့ ရန်ငြိုးရန်စ စိတ်ပုတ်စိတ်ယုတ်အတွက်နဲ့ ချန်းယောလ် ကို ထောင်ထဲ ထည့်ပစ်ချင်နေတာ ကျွန်တော် မသိဘူးများမှတ်နေလား? ခင်ဗျား ခေါ်ထားတဲ့ ဒီလူတွေ အကုန် အယောင်ဆောင်ရဲ တွေ ဆိုတာ ခင်ဗျား ဘာငြင်းမလဲ ?"

"ဘာတွေ သွေးရူးသွေးတန်းနဲ့လာပြော..."

"အခု ဒီလူတွေ ကို ရိုက်နှက်မူ...လုပ်ကြံမူမှာပူးပေါင်းပါ၀င်မူ...ငွေလုမူ..အယောင်ဆောင်မူ တွေနဲ့ ကျွန်တော် တရားစွဲတယ်...ငြင်းနိူင်ရင်ငြင်း.. ဖမ်း၀ရမ်းအတုနဲ့ ဆေးရုံအုပ်ကို ညာသွားတာလဲ ဒီဆေးရုံကအလိုရှိရင် တရားစွဲနိူင်တယ် "

614 Story (Complete)Where stories live. Discover now