20

1.6K 278 25
                                    



ဘတ်ဟျွန်း လက်သီးတွေ တင်းကြပ်စွာ ဆုပ်ထား
မိသည်။ ဘယ်လောက်ထိတောင် အချိန်ကြာမြင့်စွာ တင်းတင်းကြပ်ကြပ်ဆုတ်ထားမိသလဲ ဆိုရင်
လက်သည်း လေးတွေတောင် လက်ဖဝါးထဲ နစ်၀င်သည် အထိ ဆုပ်ထားမိသည်။

ဘေးမှ အစ်ကိုဆူဟိုက စိတ်လျော့ထားဖို့ အတန်တန် ပြောသော်လည်း ဘတ်ဟျွန်း ဘယ်လိုမှ စိတ်လျှော့ထားလို့မရပါချေ...ဘတ်ဟျွန်းနဲ့အစ်ကိုဆူဟို အူယားဖားယားနဲ့ ဆေးရုံသို့
ရောက်လာတဲ့ အချိန်မှာ ချန်းယောလ် ကအရေးပေါ် ကုတင်ထက်မှာ သွေးစက်လက်နဲ့ သတိ‌မေ့
နေဆဲဖြစ်သည်။ မျက်နှာမှာလဲရစရာ မရှိအောင်
ဖူးယောင်နေပြီး ခေါင်းထက်မှာ သွေးတွေ က သွေးထွက်လွန်ပြီလားဟုတောင် ထင်ရသည်။

ကုတင်ပေါ် ဒီအတိုင်း ထားတာကလူရိုက်မူဟုယူဆရ၍အာမခံ လက်မှတ် ထိုးပေးမယ့်သူမရှိဘဲ ကုသမရဟု ဆိုသည်။ ဘတ်ဟျွန်း ဒေါသ တွေထွက်ကာခပ် မြန်မြန် ပဲ လက်မှတ် ထိုးပေးလိုက်မှ ချန်းယောလ် ခမျာ အရေး‌ ပေါ်ခန်းထဲ၀င်လို့ရသည်။

"ချန်းယောလ် တစ်ခုခု ဖြစ်ရင် ဒီဆေးရုံတစ်ခုလုံး
ကျွန်တော်မြေလှန်ပစ်မှာ !"

"သူတို့တွေက ဒီလိုပါပဲ..ဘတ်ဟျွန်းရယ်..."

ဆူဟိုက နံဘေးကနေ ဖျောင့်ဖျနေသည်။ ဘတ်ဟျွန်း အားရပါးရငိုပြီးတာနဲ့ ယခု အရေးပေါ်အခန်းရှေ့မှာ ထိုင်စောင့်နေရတဲ့ အချိန်မှာ လုံး၀
မျက်ရည်မကျဘဲ ဒေါသတွေသာ ထွက်နေ၏။

"ချန်းယောလ်ကို ဘယ်သူက ဒါမျိုးလုပ်ရဲတာလဲ?
ကျွန်တော် လုံး၀ မကျေနပ်ဘူးအစ်ကိုရယ်..."

ခဏအကြာမှာ ဘတ်ဟျွန်းဘောင်းဘီ အိတ်ထဲက ဖုန်းလေးက မြည်လာသည်။ ချန်းယောလ် ဖုန်းကို
ဘတ်ဟျွန်း ဘောင်းဘီအိတ်ထဲ ထည့်ထားခြင်းဖြစ်သည်။

"ဟယ်လို..." "ဟုတ်ကဲ့..ဟုတ် ဟုတ် "

ဘတ်ဟျွန်း ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ပြီးတာနဲ့ မတ်တပ်ထရပ်လိုက်သည်။

"ချန်းယောလ်ရဲ့ သူဌေးက ကျွန်တော့်ကို တွေ့ချင်
တယ်တဲ့...ဆေးရုံအောက်မှာ ရောက်နေတယ် ပြောတယ်..ကျွန်တော် စကားနည်းနည်းသွားပြော
လိုက်ဦးမယ် "

614 Story (Complete)Where stories live. Discover now