11

2K 320 37
                                    

ဘတ်ဟျွန်း၏ ညာဘက် ပါးရိုး ပေါ်မှာ အနီရင့်ရောင် အရှိုးရာလေး ထင်သွားရုံမှ အပ ကြီးကြီးမားမား ဒဏ်ရာ တော့ မရှိသွားပေ....

သို့ပေမယ့် ချန်းယောလ်မှာ အဲ့ဒီ အနီရောင်သန်းနေသော နေရာလေးကို ကြည့်၍ အလွန်မှပူဆွေး
၀မ်းနည်းနေဟန်ပေါ်သည်။

တဘက်စကိုလုံး၍ အာငွေ့ငွေ့ပေးပြီး အုပ်ပေးနေ
တာမို့ အနီရင့်ရောင်မှသည် အနီဖျော့ဖျော့သာ ကျန်တော့သည် ပေမယ့် ချန်းယောလ် ကတော့
ဒီနေ့အဖို့ လုပ်စရာရှိသည်များကို မေ့ပျောက်သွားပြီး ဒီနေ့တစ်နေ့လုံး ထိုင်၍ ကျပ်ထုတ် ထိုးပေးမည့်ဟန် ပေါ်၏။

"သူတို့သားသမီးထိရင် သူတို့ကြိုက်လား? ကိုယ်ကတော့ လုံး၀ကိုမကျေနပ်နိူင်ပါဘူး...ဘယ်တုန်း
ကကိုယ့်ကြောင့်နဲ့ ဘေဘီ အနာတရ ဖြစ်ဖူးလဲ ?အခုတော့ ကြည့်ပါဦး..တစ်ခြားသူကြောင့် ကိုယ့်
ဘေဘီ မျက်နှာလေးကို နီစွေးလို့ '

"ကျွန်တော် ဘာမှ မဖြစ်ပါဘူး ချန်းရဲ့ !ကလေးက မတော်လို့ ပါ "

"ဘေဘီကလဲ ကလေးပဲလေ...သူလုပ်တိုင်းခံစရာလား ? မကျေနပ်ပါဘူး...ကိုယ့် မျက်စိရှေ့တင် ဘေဘီ ကုတင်ပေါ်က လိမ့်ကျသွားတာ မျက်လုံး
ထဲကနေကို မထွက်ဘူး.."

ခံရတဲ့ ကာယကံရှင် ကိုယ်တိုင်က ဘာမှ မဖြစ်ပါဘူး ..မတော်လို့ ထိမိတာပါ နဲ့အမျိုးမျိုး ဖျောင့်ဖျ
နေသည့်တိုင် သူကတော့ မကျေနပ်ဘူးပဲ အထပ်ထပ်အော်နေတော့ ဘတ်ဟျွန်းမှာ ခေါင်းကုတ်နေရတော့သည်။

"ပြီးတော့ ဒီ နံရံတွေ !!နံရံတွေ !! ဘယ်လိုဆောက်ထားလဲ မသိဘူး !!"

ထပ်ပြီး နံရံတွေကို လက်ညိုးထိုးပြပြီး စိတ်တိုနေ
ပြန်တာကြောင့် ဘတ်ဟျွန်းမှာ မအူမလည် ဖြစ်ရ
ပြန်သည်။

နံရံ တွေက ဘာလုပ်လို့ စိတ်တိုင်းမကျရပြန်ပြီလဲ

" အိမ်လခတော့ ယူတယ် အသံတော့ လုံအောင်
မလုပ်ပေးဘူး...ဒီပုံအတိုင်းဆို ဘယ်လွပ်လပ်တော့မလဲ ?"

ချန်းယောလ် ဘာတွေ ဒေါသထွက်နေမှန်းမသိပေမယ့်လဲ မမေးရဲတာကြောင့် ငြိမ်နေလိုက်ရသည်။

ချန်းယောလ်ကတော့ ညက ဘတ်ဟျွန်းလေး ညည်းညူသံတွေကို တစ်ဖက်အခန်းက ကြားရ
တယ်ဆိုသောကြောင့် စိတ်တိုင်းမကျ ဖြစ်နေခြင်း
ဖြစ်တော့သည်။

614 Story (Complete)Where stories live. Discover now