2

2.4K 363 11
                                    

"ချန်း !တံမြက်စည်းအရင်လှည်းရမှာလား ?ကြမ်းအရင်တိုက်ရမှာလား ?"

"နံရံပေါ်က ပင့်ကူမျင်တွေကို ဘယ်လို လုပ်ရမှာ
လဲ ?"

"ကုတင်က ဖုန်ပဲခါလို့ရလား?ရေဆေးရဦးမှာလား ?"

"ချန်းယောလ် !ဒီအိတ်က ဘယ်နားထားရမှာလဲ ?"

"ကဲ !လာ ဘေဘီ မောနေမယ် !ဒီမှာလာ ငြိမ်ငြိမ်
လေးထိုင်နေ ကိုယ်ပဲ အကုန်လုပ်မယ် ဟုတ်ပြီလား ?"

သန့်ရှင်းပြီးသွားပြီဖြစ်တဲ့ ကုတင်ပေါ်ကိုစောင်ပါးလေးတစ်ထည် ခင်းပေးလိုက်ကာ လက်နဲ့ပုတ်ပြလိုက်တော့ တစ်ခါထဲ ခုန်တက်လာသည်။

အလုပ်လုပ်ရလို့ မောခြင်းမဟုတ် ဘတ်ဟျွန်းမေး
တာဖြေရတာနဲ့ တင် ချန်းယောလ် အတော်လေး
မောဟိုက်နေပြီ ဖြစ်သည်။ တစ်ခုမှလဲ ဖြစ်ဖြစ်မြောက်မြောက် လုပ်တတ်တာမရှိဘဲ မေးပြီး တစ်
လွှဲလုပ်သည့် ဘတ်ဟျွန်းကို လိုက်ထိန်းရတာကလဲ နှစ်ဆ ပိုပင်ပန်းရသည်။

အခု ရေဘူးလေးတစ်ဘူး နဲ့ ချန်းယောလ်လုပ်ကိုင်သမျှ ပုံ့ပုံ့လေးထိုင်၍ လိုက်ကြည့်နေရှာ
သည်။ သန့်ရှင်းနေရင်းနဲ့ ပါးဖောင်းဖောင်းလေးကိုပြေးပြေးနမ်း ရသည်မှာ အမှန်ပင် အမောပြေ
စေတာမို့ တရွှတ်ရွှတ် ‌ပြေးနမ်းရ‌ သေးသည်။

ဟိုကလဲ ချန်းယောလ် ပြေးလာရင် ပြုံးဖြီးဖြီးကလေးနဲ့ ခေါင်းလေး ကိုမော့မော့ပေးထားသည်။

"ကလေးတွေ !"

"ဗျာ "

"စောင်နဲ့ ခေါင်းအုံးတွေက လောက်ရဲ့လား ?အိမ်
မှာ အပိုတွေရှိသေးတယ် ! လိုချင်ရင် ယူထားလေ"

"ရပါတယ် !လောက်မှာပါ..အားနာစရာ "

အိမ်ငှားတွေစုနေကြတဲ့ ခြံ၀န်းမို့လို့ ဘေးအခန်းတွေက သဘောကောင်းတဲ့ အိမ်နီးချင်းတွေက
စောင်တွေ ခေါင်းအုံးတွေ လာပို့ပေးသွားကြတာမို့
နှစ်ယောက်သားက ညအိပ်ဖို့ တော့ အဆင်ပြေပြီ
ဖြစ်သည်။

"ရေချိုးချင်ရင် ဟိုအုတ်ကန်မှာချိုးနော် !ဘယ်သူ
ချိုးချိုးရတယ် ဒီအိမ်ရှင် ပိုင်တာပဲ.."

"ဟုတ်ကဲ့ !အခုသန့်ရှင်းရေးလုပ်ပြီးတာနဲ့ ရေချိုး
မလို့.."

614 Story (Complete)Where stories live. Discover now