18

1.8K 308 27
                                    

ချန်းယောလ် ဆိုင်ကယ်ကို တရကြမ်း မောင်းလာခဲ့ကာခြံထဲပြေး၀င်လာခဲ့လိုက်သည်။

စိတ်တွေပူလွန်းလို့ အလုပ်ထဲကနေ ဘယ်သူ့ကိုမှ ဘာမှ မပြောနိူင်ဘဲအမြန်ပြန်ခဲ့ရတာ ဖြစ်သည်။

"ဘေဘီ...ဘတ်ဟျွန်းနီး "

"ချန်း..."

အိမ်ထဲ ၀င်ပြီးအော်ခေါ်လိုက်တော့ ဘတ်ဟျွန်းကလဲ ကြားတဲ့နေရာကနေ ထပြေးလာခဲ့သည်။
စိုးရိမ်နေခဲ့တာမို့ မျက်နှာလေးကို ဆွဲယူလိုက်ကာ
ငုံ့ကြည့်မိတော့ မျက်၀န်းတို့က မို့ဖောင်းပြီး နီနေ
သည်။

"ဘယ်လိုလုပ်ရမလဲ ချန်းယောလ်...ဘတ်ဟျွန်းနီး
တို့ ဘယ်လိုလုပ်ကြမလဲဟင်..."

"ခဏ...ခဏ စိတ်အေးအေးထားပြီး ကိုယ့်ကိုပြောပြ...ဘာဖြစ်တာလဲ? ကိုယ့်ကို အေးဆေးပြောပြ "

"မဟုတ်ဘူး..အခု ထွက်ပြေးမှ ဖြစ်မှာ...ချန်းယောလ် အခုဒီကနေ ထွက်သွားရအောင် ...နော်
နော်လို့...မဟုတ်ရင် ကျွန်တော်တို့ ဝေး..ဝေးရလိမ့်မယ် !"

"နေပါဦး...ကိုယ်ရှိတယ်လေ ဘေဘီ! ကိုယ်တစ်ယောက်လုံးရှိပါတယ်..ဘာမှ မဖြစ်ဘူး...ဘေဘီ့ကို ဘယ်သူမှ ဘယ်မှ ခေါ်သွားလို့မရဘူး..ကိုယ်
ရှိတယ်နော်...ဘေဘီ "

တုန်လှုပ်နေတဲ့ ဘတ်ဟျွန်းကို ချော့မော့ကာ ဆိုဖာပေါ်ထိုင်ခိုင်းစေလိုက်သည်။ ဖုန်းဆက်လာ
တုန်းကလဲ ငိုယိုပြီး သူ့အစ်ကိုနဲ့တွေ့ခဲ့တယ် သူ့ကိုပြန်ခေါ်သွားကြတော့ မှာလို့ ဗလုံးဗထွေးပြောနေ
တော့ ချန်းယောလ်လဲ ဘာမှ နားမလည်..

စိတ်ပူပြီး အိမ်ရောက်လာတော့လဲ ဘတ်ဟျွန်းက
ငိုနေပြီး တုန်လှုပ်နေသည်။ အခုတော့ စိတ်အေးအောင် အရင် ချော့ မော့နေရပြီးမှ ..

"ကိုကိုနဲ့တွေ့တယ်.."

"ကိုကို? ဘေဘီ့ အစ်ကို ?"

"အင်း "

"ဘယ်လိုလုပ်တွေ့တာလဲ?"

"ရပ်ကွက်က ဆန်ဝေ တယ်ဆိုလို့ အစ်ကိုဆူဟိူနဲ့
သွားယူတာ..."

ဘတ်ဟျွန်း စကားပြောလိုက် မျက်ရည်လေးတွေ
ဖိသုတ်လိုက်နဲ့ ရှင်းပြနေသည်။ဆန်ယူတာကို ဘတ်ဟျွန်း မလိုက်သွားခဲ့သင့်ဘူး...ချန်းယောလ် စကား နားမထောင်ဘဲ အိမ်မှာ မနေခဲ့မိတာ ဘတ်ဟျွန်းနောင်တ ရမိသည်။

614 Story (Complete)Where stories live. Discover now