10

2.1K 315 14
                                    

''ဝါး !ဆိုင်ကယ်ကြီးနဲ့ ''

ဆန်မုန့်ကိုပလုတ်ပလောင်းစားနေရင်းနဲ့ စကားပြောလိုက်တော့ ဆန်မှုန့်တွေက ဖွာခနဲ ဖွာခနဲ ထွက်ကျလာတော့သည်။ချန်းယောလ်ကလဲ
ဆိုင်ကယ်ကို ဇက်သော့ခတ်လိုက်ပြီး ခပ်ပြုံးပြုံး
ပင်ဆိုင်ကယ်ပေါ်က ဆင်းလာ၏။

"၀ယ်လာတာ မဟုတ်ဘူးမလား?"

မျက်လုံးပြူးပြူးလေးနဲ့ မေးလာသော ‌ခင်ပွန်းငယ်လေးဘေး ၀င် ထိုင်လိုက်ပြီး ပါးလုံးလုံး လေးတစ်ဖက်ကို အရင်မွှေးကြူလိုက်သည် ။

"ကိုယ်တို့ အလုပ်ရှင်က ဆုချလိုက်တာ !အလုပ်ကြိုးစားလို့တဲ့ !'

" တကယ် !အောအီဂူး ချန်းယောလ် က တော်လိုက်တာ"

လက်မလေးတစ်ချောင်းထောင်၍ ပြုံးရွှင်စွာဆိုလာသော ဘတ်ဟျွန်းလေးက ဆုကြေးအနေနဲ့ ဆန်မုန့်တစ်ခုကို ယူကာ ပါးစပ်ထဲအရောက် ခွံ့ပြန်သည်။

"နောက်ဆိုကိုယ်က မင်းကို ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံထားနိူင်တော့မှာ..."

"ကျွန်တော်က ဒီအတိုင်းလေးလဲ နေသားကျနေပြီ"

"ဘယ်ဟုတ်မလဲ ဘေဘီရဲ့ !ကိုယ်မင်းအတွက်ထားတဲ့ ရည်ရွယ်ချက်က ဒီလိုမျိုးမှ မဟုတ်တာ ကိုယ်နဲ့ မင်း ဘ၀တစ်ခုကို တည်ဆောက် ပြီး ပြည့်စုံတဲ့ ဘ၀လေးမှာ မင်းကိုထားချင်တာ...မင်း
မိဘတွေ ‌နဲ့နေခဲ့တဲ့ အခြေအနေကို မရောက်နိူင်
တောင် ကိုယ်က မလျော့ချင်ဘူးလေ..."

"အဲ့ဒါကြောင့် ကျွန်တော်လဲ အလုပ် လုပ်ချင်ပါတယ်ဆို...နှစ်ယောက်အတူတူဆိုရင် ဆန္ဒ တွေ အမြန်ပြည့်တာပေါ့..."

"မလိုပါဘူးဆို ! ထပ်ပြောမယ်နော်...ဘေဘီ့ကို ကိုယ် ယူထားတာ အလုပ်လုပ်ခိုင်းဖို့ မဟုတ်ဘူး
ဟုတ်ပြီလား ?"

ဘတ်ဟျွန်း နှုတ်ခမ်းလေးစုထော်ကာ မျက်စောင်းလေး ထိုးပြလာတော့ ချန်းယောလ် က သဘောကျနေသည်။ ဆိုင်ကယ်တစ်စီးရှိပြီဆိုတော့ နောက်နေ့ ဘတ်ဟျွန်း သွားချင်တဲ့ နေရာ
လေးတွေ ကို လိုက်ပို့ရင်းအတူလျှောက်လည်မည်
ဟု တွေးထားလိုက်သေးသည်။

ညဘက် အနားယူတော့ ဘတ်ဟျွန်းက ရေဇလုံကြီး တစ်လုံးသယ်ချလာကာ ကုတင်ခြေရင်းတွင်
ချသည်။

614 Story (Complete)Where stories live. Discover now