14

1.8K 312 44
                                    


ချန်းယောလ်သည် အိမ်ပြန်ရောက်တာနှင့် ၀ယ်လာတဲ့ အအေးဗူးတွေ အသီးတွေ ကို ကြမ်းပြင်
ပေါ် ပုံချသည်။

ပြီးတော့ ထင်သာမြင်သာရှိအောင် စာလုံးကြီးကြီးဖြင့် 'ဘတ်ဟျွန်းဟာ  ' လို့ ရေးပြီးလိုက်ကပ်
သည်။

အသီးတိုင်းမှာလဲ ကပ်နေတာမို့ ဘတ်ဟျွန်း ဗိုက်
နှိပ်ပြီး ထိုင်ရယ်နေ၏။

ဘတ်ဟျွန်း အော်ရယ်နေသလောက် ချန်းယောလ်ကတော့ စူပုတ်ကောက်ချိတ်ပြီး သူ့အလုပ်သူ လုပ်နေသည်။

"ချန်းရယ် !ရေခဲသေတ္တာက အစ်ကို ဆူဟိုဟာပါ..
အအေးနဲ့ အသီးတွေကျမှ အဲ့လိုရေးထားလို့ ကောင်းမလား ?"

"ကောင်းတာပေါ့ !ဒီအိမ်စာချုပ် မှာကိုက  အသုံးအဆောင်တွေလဲ ပေးသုံးမယ် ဆိုပြီး သူကိုယ်တိုင် လက်မှတ် ထိုးထားတာလေ ! လာမပြောနဲ့..ရေးမှာပဲ...ကပ်မှာပဲ..."

ပြောမရတော့ ဘတ်ဟျွန်းမှာ လွှတ်ထားလိုက်ရ
သည်။

ခဏတွင်းချင်းမှာပင် ရေခဲသေတ္တာထဲ၌ 'ဘတ်ဟျွန်းဟာ ' တွေ ပြည့်နှက်သွားတော့သည်။






..................................။

ဆူဟို ရေခဲသေတ္တာကို ဖွင့်လိုက်စဉ် မှာပဲ စာရွက်
အဝါတွေ တန်းစီနေတာကို တွေ့လိုက်ရတာမို့ ဆွဲ
ယူကြည့်လိုက်သည်။

ဧည့်ခန်းထဲကနေ စာဖတ်ချင်ယောင်ဆောင်နေသော ချန်းယောလ်မှာ ဆူဟို ဘာလုပ် မလဲ စောင့်
ကြည့်နေ၏။

"ဘတ်ဟျွန်းဟာ ဆိုပါလား ? ဘတ်ဟျွန်းဟာ ဘာ'ဟာ ' လဲ''

အအေးဗူးကို နေရာတကျ ပြန်ထားလိုက်ပြီး ပန်း
သီးတစ်လုံးကို ဆွဲကိုင်လိုက်ပြန်သည်။

ချန်းယောလ် က နှူတ်ခမ်းထော်၍ စိုက်ကြည့်ဆဲ
ဖြစ်သည်။ ဆူဟိုကတော့ ဘာမှ မသိဘဲ စူးစမ်း
နေသည်။

အအေးဗူးကို ပြန်ထားလိုက်၍ ချန်းယောလ် ပြုံးရွှင်သွားတော့သည်။

ဘတ်ဟျွန်းဟာ ကို ကာကွယ်လိုက်နိူင်ပြီ...

ချန်းယောလ် အကြံပိုင်သည်ဟု ကိုယ့်ဟာကို ကျေနပ်၍ ပြုံးနေတုန်း...

614 Story (Complete)Where stories live. Discover now