လီလီကိုရေနွေးထဲစိမ်စေကာခင်ထွက်လာလိုက်သည်။ ည6နာရီထိုးပြီးမို့အန်တီတို့ပြန်လာတော့မည်ဖြစ်သည်။ ညစာပြင်ထားမယ်လို့စဉ်းစားရင်းအခန်းထဲကထွက်လာတုန်းတွေ့ရတဲ့မြင်ကွင်းကခင့်ကိုမျက်လုံးပြူးစေသည်။ လင်းရွှေ မိစိုး ဖူးပွင့် မိုးပြည့် စသောလီလီသူငယ်ချင်းများဧည့်ခန်းထဲရောက်နေကာခင့်ကိုအံဩနေတဲ့မျက်လုံးတွေနဲ့ကြည့်နေကြသည်။ သေချာပြောရရင်ခင်ကအခုမှဘောင်းဘီဇစ်ကိုဆွဲတင်နေသည့်အနေအထား။ သူတို့ကသိသွားသည့်ပုံပင်။ အချင်းချင်းပြုံးနေကြသည်။
မိစိုး: "အဟမ်း....ဟမ်း"
မိုးပြည့်: "ဩော်....ဟိဟိ...ဟို လီလီဘယ်အခန်းမှာလဲအစ်မသိလား။ ညီမတို့လာမယ်လို့လည်းပြောထားပါတယ်။ အိမ်ထဲမှာဘယ်သူမှမရှိတာနဲ့ဝင်လာလိုက်တာပါ။ တစ်မျိုးတော့မထင်ပါနဲ့။ "
ပါးစပ်ကပြောပြီးတာနှင့်ပြုံးဖြီးဖြီးဖြစ်သွားသည်။ ရှက်လိုက်တာ။ သူတို့တွေကိုကြည့်ရင်းစိတ်ကမလုံတာမို့
ခင်: "ဒီအခန်းကသူ့အခန်းပါ။ ဟို...အားမနာပါနဲ့။ စိတ်တိုင်းကျနေလို့ရပါတယ်"
ပြောကြီးတာနဲ့ကိုယ်အခန်းဆီကိုပြေးသွားလိုက်သည်။ ခဏနေတော့အပေါ်ကိုတက်လာတဲ့ခြေသံတွေကြားရသည်။ ရှက်လွန်းလို့အရည်ပျော်သွားလိုက်ချင်သည်။ စိတ်ပျက်စွာနဲ့ပဲရေချိုးကာတိတ်တိတ်လေးအောက်ဆင်းပြီးညစာပြင်နေလိုက်သည်။
တစ်ဖက်ကလီလီမှာတော့
မိုးပြည့်: "လီလီရေ။ ငပလီ.....ရေ သူ့အခန်းမှာတောင်မရှိဘူးလား။ "
လီလီခေါ်သံကြားလို့bathrobeလေးဝတ်ကာအပြင်ထွက်လာလိုက်သည်။ ဟတိုတစ်အုပ်တွေ့သွားတော့အခင်ကြီးတဲ့လေသံတွေနဲ့
ဖူးပွင့်: "wow wow wow amazing"
မိုးပြည့်: "ငါတောင်မထင်တာဘူးဟာ။ နင်ဒါလုပ်ဖို့ငယ်သေးတယ်လေဟာ။ "
မိစိုး: "အမေးဇင်းတောင်မှ10ခါပြန်အမေးဇင်း"
လင်းရွှေ: "ဘယ်လိုလဲ။ အရမ်းခံစားလို့ကောင်းတယ်မလား"
လီလီသူတို့ဘာတွေပြောနေမှန်းမသိတော့။ ဘာလို့ဒီကိုရောက်နေကြတာတုန်းအခုကျမှ။
YOU ARE READING
My brother's girlfriend
Romanceလီလီ: "လီလီကကိုကြီးရဲ့ကောင်မလေးကိုလုတာမဟုတ်ပဲနဲ့ကိုကြီးရဲ့ကောင်မလေးကလီလီ့ကိုရွေးချယ်တာလေ" ခင်လေးနွယ်: " နင်တို့ခင်လေးနွယ်ဆိုတဲ့နာမည်ကိုမကြားဖူးခင်ကတည်းကလီလီနဲ့ငါကလက်ထပ်ပြီးနေပြီးလေ"