part 19

16K 688 17
                                    

လီလီပြန်လာတာနဲ့ဧည့်ခန်းတစ်ဝိုက်ကိုမျက်စိကစားကြည့်ပေမယ့်မမကိုမတွေ့။ ဘယ်များရောက်နေတာလဲကွာ။ မဟုတ်မှလွဲရော ကိုကြီးအခန်းထဲမှာလား။ သွားကြည့်ချင်ပေမယ့်မိမိကိုသံသယဝင်နေတဲ့ကိုကြီးကြောင့်သွားချင်စိတ်ကိုဖျောက်လိုက်ပါတယ်။

"လီလီအခန်းထဲသွားတော့မယ်။ မေမေတို့ပဲစကားပြောကြ..."

"ဟော်...သူ့ကိုအဖတ်မလုပ်လို့ကောက်သွားပြန်ပြီ။ သမီးအကြောင်းပဲပြောနေတာလေကွာ"
ဖေဖေကချော့ပြောပေမယ့်

"မေမေတို့ပဲပြော.....သူများကိုလာမခေါ်နဲ့"
လို့စိတ်ဆိုးပြရင်းအခန်းဆီပြန်လာခဲ့လိုက်သည်။ ဖေဖေတို့ကတော့ပြုံးနေရင်းသာ....

"ဘာလို့မလာသေးတာလဲကွာ။ စိတ်ကောက်ပြတာတောင်မသိဘူးလား။ ပြန်ချော့ရကောင်းမှန်းမသိဘူးလား။ တော်ပြီ။ဂိမ်းပဲဆော့တော့မယ်"

ခင်ပြန်လာတော့အန်ကယ်တို့ကိုတွေ့ပုံထောက်ရင်လီလီလည်းပြန်လာလောက်ပါပြီး။ ဒါမှမဟုတ် မနက်ပိုင်းကြီးကိုဂိမ်းဆော့ပြန်ပြီလား။ ဒီကလေးကတော့လေ ဆုံးမရတော့မယ်။ မဆုံးမရတာကြာတော့လေ ဆိုးလာတယ်။ အန်တီနဲ့တူတူဟင်းချက်ရင်းအန်တီကလီလီရဲ့အကြောင်းတွေပြောပြသဖြင့်တော်တော်သိလာသည်။ လီလီငယ်ငယ်ကအစ်မလိုခင်ရတဲ့ကောင်မလေးတစ်ယောက်ရှိပြီး ထိုကောင်မလေးကိုနှစ်အလီလီကြာတာတောင်မမေ့ပဲရှာနေတယ်ဆိုတဲ့အကြောင်းလေးရော........။ ဒါတောင်မကသေး ကျောင်းမှာရှိသမျှဆရာမတွေကိုလိုက်မေးတဲ့အပြင်ခင်ရဲ့အမေရဲ့နာမည်တစ်လုံးနဲ့
ကရင်ပြည်နယ်တစ်ခုလုံးကိုလိုက်ရှာခဲ့တယ်တဲ့။ လီလီကသူ့ရဲ့အဖေကိုပါခင့်ကိုရှာပေးဖို့တောင်းဆိုခဲ့ပြီးမြန်မာတစ်ပြည်လုံးအနှံ့အန်က်ာရဲ့လူယုံတွေကိုခင့်ကိုရှာစေခဲ့သည်။ ဒါပေမယ်ခင့်ရဲ့နာမည်ကိုမသိတဲ့အပြင်မက်ေနှာကိုသိတဲ့သူကလည်းလီလီအပြင်မရှိတာကြောင့်လက်လျှော့ခဲ့ရတယ်တဲ့။

"သမီးသိလား။ အဲ့ဒီတော့ကဖေကြီးကလီလီ့ကိုမရှာပေးနိုင်တော့ဘူးလို့ပြောတော့လီလီခဗျာသူ့အဖေရှေ့မှာငိုပြလိုက်တာများလေ.....2ပတ်3ပတ်လောက်ရှိမယ်။ ထမင်းလည်းကောင်းကောင်းမစားတော့ဘူး။ အဲ့တာနဲ့သူ့အဖေကလည်းအဲ့ဒီကောင်မလေးကိုပြန်ရှာပေးမယ်လို့ပြောလိုက်မှပြန်အဆင်ပြေသွားတော့တယ်။ ဖေကြီးကလည်းပြန်ရှာပေးမယ်လို့သာပြောတာ တကယ်တော့ဖေကြီးကလက်တောင်လျှော့နေပြီး"

My brother's girlfriendWhere stories live. Discover now