part 32

12.8K 588 81
                                    

စာမေးပွဲနီးလာသောကြောင့်လီလီစာကိုပဲပိုဖိလုပ်ဖြစ်သည်။ အခုဟာကအရင်ကလို့ပေါ့ပေါ့သေးသေးမဟုတ်ပဲဘ၀ကိုဆုံးဖြတ်ပေးမယ့်စာမေးပွဲဖြစ်သည်။ လီလီပြောတဲ့ဘ၀ဆိုတာကလည်း

ခင် : "ကလေး ဟိုဆောက်လက်စအဆောက်အဦးကြီးကိုတွေ့လား "

လီလီ : "အင်း။ အာ ........ကလေးမှတ်မိတယ်။ ကိုကြီးကြောင့်နဲ့ပြဿနာဖြစ်တောကကလေးပုန်းခဲ့တဲ့ဟိုတယ်လေမလား။ အခုတိုးချဲ့နေတာလား"

ခင် : "အင်း။ မကလေးကိုပြောစရာရှိတယ်။ ဒီမှာလာ"

လီလီ : "အ​ေရးကြီးလို့လား။ စားပြီးမှပြော"

ခင် : "ကလေးလဲလေ စားနေရင်းနားထောင်လ်ို့ရတာပဲ။ မ ပြောချင်တာက ကလေးကစာမေးပွဲနီးနေပြီးနော်။ ဘယ်လောက်အရေးကြီးလဲကလေးသိတယ်မလား။ မမကတော့ဂုဏ်ထူးမှတ်ပါစေချင်တယ်နော်"

လီလီ : "မ!!! ကလေးက်ိုအထင်သေးတာလား။ ကလေးရဲ့ result မှာ 80% အောက်ဖြစ်သွားတာရှိလို့လား "

ခင် : "မ သိပါတယ်။ မ ပြောချင်တာကဒါမဟုတ်သေးဘူး။ အဲ့ဒီဟိုတယ်ကအင်ဂျင်နီယာတွေက်ိုတွေ့တယ်မလား"

လီလီ : "အင်း "

ခင် : "သူတို့တွေကသူတို့တာ၀န်ယူတဲ့အဆောက်အဦးအတွက်သိန်း၁၀၀ကအနည်းဆုံး၀င်ငွေပဲ။ သူတို့အရည်အချင်းပိုရှိလေ ၀င်ငွေကပိုများလေ။ ဒီအင်ဂျင်နီယာတွေမကဘူး။ တံတားတွေဆောက်တဲ့အင်ဂျင်နီယာတွေဆိုလဲ၀င်ငွေက ကလေးထင်ထားတာထက်များတယ်။ အရင်ခေတ်ကလိုအစိုးရက၁၀သိန်းပဲပေးပြီး၅သိန်းတန်ဆောက်ခိုင်းတာမျိုးမဟုတ်တော့ဘူး။အခုခေတ်ကကလေးမှာရှိတဲ့ပညာအရည်အချင်းတစ်ခုဆီအတွက်လစာသောက်သောက်လဲရတဲ့ခေတ်ပဲ။ အထက်ကလူတွေသာအမြတ်မစားဘူးဆိုရင်ပေါ့ "

လီလီ : "မမကဘာကိုဆိုလိုချင်တာလဲ။ မမတုန်းကလဲဆေးမှတ်မှီတာပဲကိုဆရာ၀န်မလုပ်ပဲဒီမှာမန်နေဂျာလာဖြစ်နေတဲ့ဟာ "

ခင် : "ဟားဟား ကလေးကအဲ့ဒါကိုဗွေယူနေတာလား။ မမကမန်နေဂျာပဲဆိုပေမယ့်မမပိုင်တဲ့အဆောက်အဦးတွေရေတွက်လို့တောင်မနိုင်ဘူး။ အဲ့တာကြောင့်စီးပွားရေးလုပ်ဖို့ပဲမမဆုံးဖြတ်ခဲ့တာ "

My brother's girlfriendWhere stories live. Discover now