part 41

4K 159 26
                                    


လေးပင့်နေသောမျက်လုံးများကိုမဖွင့်နိုင်သော်လည်း လီလီမဟုတ်တဲ့တစ်စုံတစ်ယောက်ကခင့်ရဲ့လက်ကိုမြတ်မြတ်နိုးနိုးကိုင်နေမှန်းခံစားမိတော့အမြန်ရုန်းရမှန်းသတိဝင်မိသည်။

ကိုစော : " ခင် သတိရလာပြီလား? ခင် ကို့ကိုမြင်ရလား?
ခဏလေးနော် ကို ဆရာဝန်သွားခေါ်လိုက်မယ် "

ခေါင်းတဆစ်ဆစ်ကိုက်နေသည့်အပြင်ကြားသမျှကလဲ ဗလုံးဗထွေးဖြစ်နေသောကြောင့်ကိုစောထားထားပေးသည့်ခေါင်းအုံးအမြင့်ကိုမှီနေယုံပင်တတ်နိုင်သည်။ တဖြေးဖြေးနှင့်မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ဆေးနံ့များကိုရပြီး တဲအိမ်တစ်ချို့နှင့် နှစ်ထပ်သုံးထပ်တိုက်များကိုတစ်ခါတည်းသိမ်းကြုံးမြင်‌နိုင်သည့်ဆေးရုံတွင်ရောက်နေကြောင်းသိလိုက်သည်။ နောက်ဆုံးမှတ်မိသည့်အရာကလီလီကိုယ်တိုင်သူမကိုလှုပ်နိုးနေတာဖြစ်သည်။ ထို့ကြောင့်ချက်ချင်း အနားတစ်ဝိုက်လှည့်ကြည့်လိုက်သောလဲ ဘယ်သူမှမရှိ။

ခင် : " အား ချီးပဲ "

နွယ် : "အို! အစ်မနှိုးလာပြီလား။ သက်သာရဲ့လား "

ခင် : "လီလီ့သတင်းရောဘာကြားလဲ"

နွယ် : "မ ကိုယ့်ကိုကိုယ်လဲဂရုစိုက်ပါဦး။ 3ရက်လောက်သတိမေ့နေပြီးတော့သတိရရချင်းပြောတဲ့စကား လီလီ့အကြောင်းပဲလား "

ခင် : " ဘာ ငါသုံးရက်တောင်သတိမေ့သွားတာလား။ ဒါတောင်လီလီ့သတင်းဘာမှမကြားဘူးလား။ နင်တို့ဘာလုပ်နေကြတာလဲ လီလီကတစ်ယောက်တည်း....."

နွယ် : "စိတ်လျော့ အခုမှသတိရလာတာကိုနားနားနေနေ နေဦး"

ခင် : "လီလီရော "

နွယ် : " မသိဘူး။ လီလီရဲ့အဖေကအခုသူ့လူတွေကိုအဲ့ဒီကရင်တပ်‌တွေစစ်နေတဲ့မြို့ရဲ့ဝင်ပေါက်ထွက်ပေါက်တွေတိုင်းလိုက်စစ်နေလို့အခုတရားရင်ဆိုင်နေရတယ်။ ဒါပေမယ့်လီလီရဲ့အဖေကနိုင်မယ့်အနေအထားပါ။ အဲ့တာကြောင့်လီလီမြို့ကထွက်တာကိုတစ်ယောက်ယောက်သိတာလဲအကုန်လုံးသိကြမှာ။ စိတ်မပူပါနဲ့ ခဏနေရင် ရှာတွေ့မှာပါ"

ကိုစောနှင့်အတူဆရာဝန်နှင့်သူနာပြုနှစ်ယောက်ဝင်လာသည်။

" အကုန်လုံးအဆင်ပြေရဲ့လား။ တစ်နေရာရာအောင့်တာတို့ရှိလား "

My brother's girlfriendWhere stories live. Discover now