part 5

15K 936 4
                                    

(ခင်လေးနွယ် side)
လွန်ခဲ့သော8နှစ်
-
-်
-
-
-
-
ကလောမှနယ်ပြောင်းမိန့်ကြောင့်ခင်လေးနွယ်တို့ကရင်ပြည်နယ်ကိုပြောင်းလာခဲ့ရသည်။ သူမအဖေက ကျောက်မြတ်ရတနာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အမေမှာကျောင်းဆရာမဖြစ်သည်။ ခင်လေးနွယ်မှာညီမလေးတစ်ယောက်ရှိပြီးသူမတို့မိသားစုအခြေအနေမှာမချမ်းသာသောလဲစားနိုင်သောက်နိုင်သောအနေအထားတွင်ရှိသည်။ တစ်နေ့တွင် သူမအဖေမှာရာထူးတက်သွားသောကြောင့်လည်းကောင်း၊ သူမအမေမှာနယ်ပြောင်းမိန့်ကြောင့်လည်းကောင်း ရန်ကုန်သို့မဟုတ်ဘားအံမြို့သို့ပြောင်းရန် ဖြစ်လာသည်။ သူ့မညီမ မွန်း ကတော့ရန်ကုန်ကိုသွားချင်သော်လည်းသူမကဘားအံကိုတစ်ခါမှမရောက်ဖူးသောကြောင့် မွန်းကအဖေနှင့်လိုက်သွားပြီး ခင်လေးနွယ်ကအမေနှင့်လိုက်သွားသည်။ ဘားအံကိုရောက်နေတာ၃နှစ်ခန့်ကြာပြီးနောက်ခင်လေးနွယ်ကရင်စကားတွေပါတတ်လာခဲ့သည်။  သူမတက်သောနောင်လုံကျောင်းသည်အလယ်တန်းနှင့်အထက်တန်းကိုခွဲထားသည်။ မူလတန်းနှင့်အလယ်တန်းကိုတစ်ကျောင်းထားပြီးအထက်တန်းကတစ်ကျောင်းဖြစ်သည်။ ထိုကျောင်းနှစ်ကျောင်းသည်လမ်းဘေး၌မျက်နှာချင်းဆိုင်လျက်ရှိသည်။ အခုဆိုလျှင်၉တန်းတက်ရမည်ဖြစ်သောကြောင့်အထက်တန်းကျောင်းကိုသွားရမည်။

"ဒါဆိုမမကဟိုရှေ့ကကျောင်းကိုသွားတော့မှာပေါ့" မျက်နှာငယ်နှင့်လီလီကမေးလာသည်။

"အင်းလေညီမလေးရဲ့  စိတ်မပူပါနဲ့မမခဏခဏလာခဲ့မယ်"

"တကယ်နော်"လို့ပြောကာလက်သန်းကိုထုတ်ပြလေသည်။ ခင်ကလည်းလက်သန်းချင်းပြန်ချိတ်ကာအင်းလို့ပြန်ဖြေလိုက်သည်။ နောင်လံကျောင်း၌သူငယ်ချင်းအများအပြားရလာသော်လည်း အခုမှ၎တန်းစတက်မည့်ညီမလေးကိုသာခင်တွယ်နေမိသည်။အသားဖြူဖြူနင့်ပါးဖောင်းဖောင်းလေးမို့လို့အရမ်းချစ်စရာကောင်းသည်။ လီလီကိုစတွေ့ခဲ့တာသူမကျောင်းတက်ကတည်းကဖြစ်ပြီး သူမအိမ်နှင့်မနီးမဝေးမို့လို့ခင်ရဲ့အိမ်ကိုလာလည်တတ်သည်။ ခင်မှတ်မိပါသေးသည်။ ဘောလုံးကွင်း၌တစ်ယောက်တည်းစက်ဘီးစီးနေသောသူ့ကိုခင်စောင့်ကြည့်နေမိသည်။ လက်ရန်းကိုတောင်သေချာမကိုင်တတ်ပုံထောက်ရင်စက်ဘီးမစီးတတ်မှန်းသိသာသည်။ မကြာပါဘူး။ စက်ဘီးကိုအခုမှစစီးခါစရှိသေး။ ဟန်မထိန်းနိုင်၍ခြေထောက်ထောက်သောကြောင့်ခြေထောက်ခေါက်သွားပုံရသည်။ သို့သော်သူလုံးဝမငို။ပြန်ထဖို့ကြိုးစားသည်။ ဒါပေမယ့်ထော့နဲ့ထော့နဲ့ဖြစ်သွားသည်။ ခင်သူ့နားသွားကာ"ကလေးအဆင်ပြေရဲ့လား" မေးတော့သူကခေါင်းငြိမ့်ပြသည်။
"လမ်းလျှောက်လို့အဆင်ပြေရဲ့လား။ မမကုန်းပိုးပေးမယ်လေ" ပြောတော့သူက" လီလီစက်ဘီးစီးမတက်သေးဘူး။ အရင်တတ်အောင်လုပ်ဦးမယ်""ဆိုပြီးသူကစက်ဘီးကိုလက်ညိုးထို့ပြလေသည်။ အခုမှသူ့စက်ဘီးကိုသေချာကြည့်မိသည်။ ကလေးအများစုစီးသလိုမျိုးအနောက်ဘီး၌ဟန်ချက်ထိန်းပေးသောဘီးအပိုမပါပေ။ သူပုံကလည်းစက်ဘီးစီးတတ်သည်အထိစီ့မယ့်ပုံပေါက်နေသည်။ ခင်ကလည်းစိတ်ပူတာနဲ့" ညီမလေးခြေထောက်ကအနာပျောက်သွားရင်မမစီးသင်ပေးမယ်။ဟုတ်ပြီလား"လို့ပြောတော့သူမျက်နှာလင်းလာပြီးအင်းလို့ပြောကာအားရပါးရခေါင်းငြိမ့်လေသည်။ပြီးတော့သူမက"ခြေထောက်ကအရမ်းနာတယ်။ ချီပေးပါလား"လို့ပြောတော့ခင်အရမ်းအသည်းယားလာကာပါးကိုအာဘွားပေးလိုက်သည်။
"မမကိုအာဘွားပေး အဲ့ဒါဆိုချီပေးမယ်"လို့ခင်ပြောလိုက်သည်။  သူမအာဘွားမပေးလည်းခင်ကချီပေးမှာပာဘဲ။ သူကခင်ရဲ့ပါးကိုကိုင်ကာ"ရော့အာဘွားချီပေးဆို" ပြောပြီးအာဘွားပေးလိုက်သည်။ ခင်ကလည်းကောက်ချီကာစက်ဘီးပါသယ်သွားမယ်အလုပ်

My brother's girlfriendWhere stories live. Discover now