part 13

24.1K 870 41
                                    

လီလီကခင်ပို့ထားတဲ့ massageကိုကြည့်ပြီးဘာမှစာပြန်မလာတော့ပေ။ အဲ့ဒါကြောင့်ခင်ဖုန်းခေါ်လိုက်သည်။

"ဘာလဲ"

"ကလေး။ မကိုစိတ်ဆိုးနေတုန်းလား။ ဘယ်တွေလျှောက်သွားနေတာလဲ"

"စိတ်ဆိုးနေတာမဟုတ်ဘူး။ လမ်းခွဲလိုက်တာ။ ဘယ်တော့မှလီလီကိုကလေးလို့မခေါ်နဲ့"

"ဒီနေ့မက မတို့ဖေဖေရဲ့ companyမှာသွားလေ့လာနေတာ။ အဲ့ဒါကြောင့်မအားလို့ဖုန်းမခေါ်ဖြစ်တာ။ မမပင်ပန်းနေရင်ကလေးကိုအရင်တွေ့ချင်တာပေါ့ကလေးရယ်။ မှောင်နေပြီးကလေးရယ်။မပြန်လာသေးဘူးလား"

"အားးးးးးး ကလေးလို့မခေါ်နဲ။ ပြီးတော့မမပင်ပန်းနေရင်တွေ့ချင်တဲ့သူကလီလီမဟုတ်ပဲကိုကြီးမလား။ တော်ပြီဒါပဲ"

"ကလေးခဏနေဦးဖုန်းမချပါနဲ့ဦး"

"တီ......တီ......တီ"
ဆိုးလိုက်တဲ့ကလေး။ ရအောင်ဖုန်းချသွားတယ်။ ပြောစရာရှိပါတယ်ဆိုမှ။ ခင်ပြောမယ့်စကားကခင်နဲ့ကိုကြီးတို့ပြတ်ပြီးဆိုတာပါပဲ။ ကိုကြီးကတော့ခင့်ကိုဆွဲထားပေမယ့်ခင်ကတော့ကလေးဘက်ကိုသာ။ မေ့သွားတယ် အမှန်ဆိုကလေးနဲ့သူနဲ့အကြောင်းပါပြောလိုက်ရမှာ။ပြန်ခေါ်တော့လည်းမကိုင်။ ကလေးကို massagerကနေပြောလို့ရသားပဲ။
ထိုစဉ်ခင်၏ဖုန်း၌ notiတစ်ခုတက်လာသည်။ လီလီရဲ့အကောင့်ကို tagထားတဲ့ postတဲ့။ ကြည့်ဦးမှပဲ။

"ဟာ..."
အဲ့ဒီ postကခင့်ကိုအံ့သြသွားစေသလိုဒေါသလည်းထွက်စေသည်။ ကြည့်ရတာကလေးရဲ့သူငယ်ချင်းတစ်ယောက်ကတင်ထားတဲ့ပုံပဲ။ caption က
"တစ်ခါတစ်လေမှတွေ့ရတာကို ro နေလိုက်ကြ" တဲ့
ပုံက2ပုံထဲဆိုပေမယ့်ခင်ကတော့ဒေါသကိုမထိန်းနိုင်တော့။ အဲ့ဒါကတော့ selfieဆွဲနေကြတာဆိုပေမယ့်ကလေးနဲ့ကလေးဘေးကကောင်မလေးတစ်ယောက်ကကလေးရဲ့ပါးကိုဆွဲညစ်ထားသည်။ လီလီကတော့ကင်မရာဘက်ကိုကြည့်နေပေမယ့်အခြားတစ်ယောက်ကတော့မကြည့်။ roတယ်ဆိုတော့သူတို့ကရည်းစားတွေလား။ ဟာ!!!!
စိတ်ဆိုးနေတယ်လို့ထင်နေတာ။ တကယ်ခင်နဲ့လမ်းခွဲတာလား။ ဩော်အဲ့ဒါကြောင့်နောက်တစ်ယောက်ပါရနေတာပေါ့။ ဘယ်လောက်မှတောင်မကြာသေးပဲနဲ့။

My brother's girlfriendWhere stories live. Discover now