part 37

2.7K 83 2
                                    

လီလီမှောက်အိပ်နေပေမယ့်ပူလာတဲ့ကျောပြင်ကြောင့်နှိုးလာသည်။ မျက်လုံးဖွင့်လိုက်တောတိုက်ခန်းရဲ့အနောက်ဖက်လို့ထင်ရတဲ့ပန်းခြံအကျယ်ကြီးကြီးတွေ့လိုက်သည်။ ခန့်မှန်းခြေ2ဧက 3ဧကလောက်ရှိပြီးအဝေးကလူနေအိမ်တွေကိုသေချာကြည့်မှတွေ့ရမည်ဖြစ်သည်။ အသိစိတ်တွေပြန်စုစည်းလိုက်ပြီးမနေ့ကဘာတွေဖြစ်ခဲ့လဲဆိုတာမှတ်မိအောင်အသာလေးမျက်လွှာချကာစဉ်းစားနေမိသည်။ အိမ်မက်ထဲတွင်လီလီကအမည်မသိလူတစ်ယောက်နဲ့အခုအိပ်နေတဲ့ကုတင်ပေါ်လိင်ဆက်ဆံသည်ဟုအိမ်မက်မှတ်သည်။ ထူးဆန်းသည့်အိမ်မက်အကြောင်းကိုစဉ်းစားပြီးအသံထွက်အောင်ရီမိသည်။ ကိုယ့်ရဲ့ရီသံတင်မကပဲကိုယ့်နောက်ကထွက်လာတဲ့အသံကြောင့်လီလီအနောက်ကိုလှည့်ကြည့်မိသည်။

ဟန်နီ : "နှိုးပြီးလားသဲလေး။ ပေါင်မုန့်ကြက်ဥကြော်နဲ့သဲကြိုက်တဲ့ချောကလက်နဲ marshmallow။ မအေးခင်လာသောက်လိုက် "

ငယ်ဘဝအမှတ်တရ‌ေတွကကိုအတိတ်မေ့နေသလိုဖြစ်နေတဲ့လီလီကို marshmallowပါတဲ့ချောကလက်ကငယ်ဘဝတင်မကအရင်ဘဝတွေထိပါမှတ်မိလာအောင်လုပ်နိုင်သည်။ ထူးဆန်းပေမယ့်marshmallowကိုပါးစပ်အရင်ထည့်လိုက်ကာနောက်မှချောကလက်ကိုသောက်ပြီးပါးစပ်ထဲတူတူရောပြီးပျော်ဝင်သွားတဲ့အရသာကိုကြိုက်သည်။ ချောကလက်အရသာတောင်ဂျီးများတတ်သည့်လီလီသည်အမဟန်နီမအားတော့သည်နောက်ပိုင်းမသောက်ဖြစ်ကာအဲ့ဒီအစားPepsi ကိုသာသောက်လာသည်။ တကယ်ပင်ချောကလက်နှင့် marshmallow ကိုအရသာခံသောက်နေသည့်အချိန်တစ်ခုအတွင်းလီလီသည်ကိုယ်ကိုကိုယ်12နှစ်သမီးတစ်ယောက်လိုခံစားရသည်။

ဖြေးဖြေးလေးနဲ့တစ်ငုံချင်းစီသောက်နေတဲ့ကလေးကိုကြည့်ပြီးသူမပိုပြုံးမိသည်။ သူမအခုလိုမပြုံးမပျော်ရတာကြာနေပြီဖြစ်သည်။ 10တန်းစတက်ကတည်းကနေကျောင်းစာနဲ့နပမ်းလုံးနေရတာမို့လို့လီလီကိုဂရုမစိုက်ဖြစ်ပေ။ လီလီကအလိုက်သိလေးနေပေးသော်လည်းအလိုလိုက်ခံထားခံရတဲ့အဆိုးလေးမို့လို့တစ်ခါတစ်လေချောက်ကလက်နဲ့ marshmallow သောက်ချင်တဲ့အခါဂျီကျပြီးငိုတတ်တာမို့လို့ဖျော်ပေးရသည်။ သို့သော်ဟန်နီစာမေးပွဲဖြေနေဆဲတစ်နေ့ကသူမသည်လီလီ့ကိုချောကလက်ဖျော်ပေရင်ထည့်လေ့ရှိသည့်နို့မှုန်သည်တစ်စက်လေးတောင်မရှိတော့သဖြင့်နို့မှုန်မပါပဲနဲ့ချောကလက်ကိုဖျော်ခဲ့သည်။ အဲ့တာကိုသိသည့်အလားလီလီသည်ချောကလက်ကတစ်ငုံမျှသာသောက်ပြီးသောက်လို့မကောင်းဘူးဆိုပြီးဂျီကျကာငိုနေပြန်သည်။ ဟန်နီသူ့ကိုဂရုမစိုက်ပဲကျောင်းစာပဲပြန်လုပ်ပေမယ့်သူမကဟန်နီဂရုမစိုက်တာကြောင့် ထိုချောကလက်ခွက်ကိုခွဲလိုက်လေသည်

My brother's girlfriendWhere stories live. Discover now