part 40

4.2K 129 19
                                    

အောင်မင်းမြတ်ရဲ့ကားအရှေ့ခန်းဆီဆောင့်ဆောင့်အောင့်အောင့်တက်ထိုင်ပြီးလျှာထိုးအုပ်ထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။ ဒီခရီးစဉ်‌တွင်တစ်ခုခုဖြစ်လိမ့်မည်ဟုခံစားမိသော်လည်းအောင်မင်းမြတ်ကိုအလိုမကျ၍ဟုသာထင်၍ ငြိမ်ငြိမ်သာနေလိုက်သည်။ ခဏနေတော့ ခရမ်းသီးမီးဖုတ်ရုပ်နှင့်‌ကိုအောင်းမင်းမြတ်ကားမောင်းသူနေရာကိုဝင်ထိုင်သည်။ သူနဲ့စစတွေ့ကတည်းနေပြုံးနေတတ်တဲ့စိတ္တဇလူမျိုးလိုအောင်မြင့်မြတ်သည်ဒီရုပ်ဖြစ်နေသည်မှာအကြောင်းတစ်ခုခုရှိပါလိမ့်မည်။

လီလီ : "တစ်ခုခုဖြစ်လို့လား "

အောင်မင်းမြတ် : ရုံးကကိုယ့်အတွက်နှုတ်ဆက်ပွဲလုပ်မယ်ဆိုပြီးဖုန်းဆက်လို့။ ကိုယ်ကအတင်းပြန်မယ်ဆိုတာချည်းဖြစ်နေတော့သူတို့လဲစိတ်ဆိုးသွားတဲ့ပုံပဲ "

လီလီ : " ရှင်ကဒီကလူတွေကိုသံယောဇဉ်တွယ်နေတဲ့ပုံပဲ"

အောင်းမင်းမြတ် : "ဟားဟား လီလီလေးကဒါတွေသိဖို့အရမ်းငယ်သေးတယ်။ ကဲပါ။ ကိုယ်ပြောချင်တာက အခုမန္တလေးကိုသွားမယ့်ခရီးကနည်းနည်းကြမ်တမ်းမယ်လို့ပြောတာ။ သူတို့ကိုမလိုက်လျောပေးခဲ့ဘူးဆိုတော့ဆိုးတာတစ်ခုခုတော့ဖြစ်လိမ့်မယ်။ ဒါပေမယ့်စိတ်မပူပါနဲ့။ ကိုယ်ကာကွယ်ပေးမှာပါ။ "

သူရဲ့နောက်ဆုံးစကားကိုနားထောင်ပြီးလီလီရယ်ချင်သည့်စိတ်ကိုထိန်းလိုက်ရသည်။ ကာကွယ်ပေးမည်ဟုအများကပြောလာတာကိုကြားဖူးပေမယ့်တစ်ခါမှလုံခြုံတယ်လို့မခံစားရ။ သို့သော်ကာကွယ်‌‌ေပးမယ်ဟုစကားနဲ့မပြောသည့်မမနှင့်အတူရှိလျှင်လီလီလုံခြုံသည်ဟုခံစားရသည်။ အောင်မင်းမြတ်ရဲ့စကားသည်လီလီ့ကိုမလုံခြုံစေပဲကြောက်စိတ်သာပိုတိုးလာ‌ေစပါသည်။ 

လီလီ : "ကျွန်မအတွက်ပါစဉ်းစားပြီးလုပ်ဖို့မမေ့ပါနဲ့။ ရှင့်ဘာသာရှင်သေတာအရေးမကြီးဘူး။ ကျွန်မပါပါသွားလို့မဖြစ်ဘူး "

အောင်မင်းမြတ် : "ဟုတ်ပါပြီ။ ဟိုရောက်ရင်ကြိုက်တဲ့သတို့သမီးဝတ်စုံရွေးဖို့ပဲပြင်ထား။ ကိုယ်ရှိရင်မင်းဘာမှမဖြစ်စေရဘူး။ "

My brother's girlfriendWhere stories live. Discover now