part 7

14.9K 1K 18
                                    

ကော်လက်စွပ်လေးကိုကြည့်ပြီးခင်မျက်ရည်များဝဲလာသည်။
"ကလေးက .... ကလေးက မကိုမမေ့သေးဘူးပေါ့။ ဒါဆိုငါကခင်မှန်းသူသိမှာပေါ့"
မျက်ရည်စများကိုသိမ်းကာကော်လက်စွပ်ကိုပြန်ထည့်ပေးလိုက်သည်။ အခန်းကိုရောက်တော့ကလေးလေးကအခန်းထဲကိုပြေးပြီးလိုက်ကြည့်နေတာလေးကချစ်စရာလေး။ သေချာပြောလျှင်ကလေးကသူ့ကိုမှတ်မိသေးလားဆိုတာမသေချာ။ ငယ်ငယ်ကအသားညိုပေမယ့်ကြီးလာတော့အသားဖြူလာသည်။ မျက်နှာကလည်းငယ်ရုပ်နှင့်မဆင်။ ပြီးတော့သူ့အစ်ကိုရီးစားဖြစ်နေလို့စိတ်နာပြီးမသိချင်ယောင်ဆောင်နေတာလား ။ ဝေခွဲမရပေ။ ဘာဖြစ်ဖြစ် ဒီအထိတောင်ရောက်လာပြီးဆိုမှတော့လက်မလွှတ်ချင်တော့ပေ။
ကလေးရေ မမကတိတည်ချင်လို့ပါ။

ညရောက်တော့လီလီအတွက်လုပ်ပေးထားတဲ့မုန့်လေးကိုပေးမလို့အပေါ်ထပ်သို့တက်သွားလိုက်သည်။ အခန်းထဲရောက်တော့လက်စွပ်လေးကိုကြည့်နေတဲ့ခင့်ရဲ့ကလေးလေးကိုတွေ့ပါပြီ။ သူ မစားမှာစိုးလို့အရင်မေးကြည့်ပါဦးမယ်လေ။ တံခါးကိုအသာလေးပြန်ပိတ်ကာတံခါးကိုခေါက်လိုက်သည်။ (မဟုတ်ရင်အခုမှလာတဲ့ပုံစံနဲ့ 😋 IQ999)

ပြီးတော့တံခါးကိုဖွင့်ပြီးခေါင်းလေးကိုစောင်းကာ
"လီဗိုက်မဆာသေးဘူးလား"လို့အရင် မေးလိုက်သည်။

လီလီက
"မဆာတော့ပါဘူး။ ဒါနဲ့ဘာဖြစ်လို့လဲ"

လီလီကမဆာတော့ဘူးလို့ပြောပေမယ့် ညစာမစားရသေးတာရယ် ပန်ကိတ်ကိုအရမ်းကြိုက်မှန်းခင်ကသိတော့

"လီလီကဒီလိုပန်ကိတ်မျိုးအရမ်းကြိုက်တယ်ဆိုလို့မမလုပ်ထားတာလေ။ မမကမုန့်လုပ်အရမ်းကျွမ်းတာ" လို့ပြောပြီးသူ့ကိုမုန့်ဘူးလေးလှမ်းပေးလိုက်တော့ သူကတစ်ခုနှိုက်စားလိုက်ပြီး ချက်ချင်းပြုံးလိုက်လို့ သူကြိုက်မှန်းခင်သိပါပြီး။ ပြီးတော့လီလီက "အင်း။ ကောင်းလိုက်တာ။ မမကအရမ်းမုန့်လုပ်ကျွမ်းတာဘဲ။လီလီ့ကိုလည်းအားရင်သင်ပေးပါလား။"
ချွဲသံကြီးနဲ့ချစ်စရာကောင်းအောင်ပြောနေတော့ ကိုက်စားချင်လာသည်။ (စိတ်ထိန်းနော်ခင်  လူကိုစားရအောင်ကျယ်မတို့ကတရုတ်လူမျိုးမဟုတ်ဘူး😋)

My brother's girlfriendWhere stories live. Discover now