Part 31

1.9K 266 94
                                    

Unicode

အသက်ရှူသံမျှင်မျှင်သာ ရှိနေသောကော်ဖီဆိုင်လေးအတွင်း၌ မျက်နှာချင်းဆိုင်ထိုင်လျက်ရှိသောလူနှစ်ယောက်။ တစ်ယောက်က နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကျန်တစ်ယောက်ကိုကြည့်သည်။ ကျန်တစ်ယောက်ကကျ မကျွမ်းကျင်လှသော ဟန်ဆောင်ပြုံးကိုပြုံးလျက် သူ့ကိုကြည့်နေသူအား စကားပြောနေသည်။

"ကိုသာနဲ့ ကျွန်တော်မဖြစ်နိုင်ဘူးဆိုတာ ကိုသာသိတယ်မဟုတ်လား"

ကိုသာ့ဘက်မှပြန်မပြောခင် ငစိုင်းလက်ကာပြီးတားလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် မြတ်နိုးရသောကိုသာ့ထံမှ စကားလုံးများကို ကြားနိုင်စွမ်းမရှိခြင်းဖြစ်သည်။ ကိုသာ့အသံ၊ ကိုသာ့စကားများကိုကြားလျှင် ခဏနှင့်စိတ်ပျော့သွားမည်။ ပြီးလျှင် စိတ်အလိုလိုက်၊ နှလုံးသားကိုဦးထိပ်ပန်ကာ ကိုသာ့အား တခြားသူများ၏တံတွေးခွက်ထဲ ဆွဲချမိပေလိမ့်မည်။

"ကျွန်တော်​လေ..ကျွန်တော် ဒီနေ့သိပ်ပျော်တယ် သိလား။ ဒါပေမဲ့လည်း မပျော်နိုင်ပြန်ဘူး ကိုသာ။ ကျွန်တော်မပျော်နိုင်ဘူး"

ကိုသာသည် စိတ်အလိုမကျစွာ မျက်ခုံးတန်းများကိုစုကုပ်လိုက်သည်။

"ကိုသာ့ကိုလည်း ကျွန်တော်ချစ်နေတယ်ဆိုတာ ကိုသာသိပြီးလောက်ပြီထင်ပါတယ်။ ဟုတ်တယ်။ ကျွန်တော် ကိုသာ့ကိုချစ်တယ်။ ချစ်တယ်ဆိုတာထက် မြတ်နိုးတယ် ကိုသာ။ မြတ်နိုးလွန်းလို့ ထိတွေ့မိရုံနဲ့ ပွန်းရာတွေထင်ကုန်မှာ စိုးတယ်"

"စိုင်းလေး"

"ကျွန်တော်ပြောတာကိုပဲ နားထောင်ပေးပါ ကိုသာ။ တကယ်တော့ လူနှစ်ယောက်ချစ်ဖို့ကလွယ်ပါတယ်။ တချို့သူတွေအတွက်ဆို စက္ကန့်ပိုင်းလောက်ပဲ လိုမယ်ထင်တယ်။ ဒါပေမဲ့ အဲ့ဒီလူနှစ်ယောက်က လိင်တူနှစ်ယောက်ဖြစ်နေရင်တော့ မလွယ်တော့ဘူး ကိုသာ။ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့လာကြမယ်။ အတင်းအဖျင်းတွေ ဆိုလာကြမယ်။ ပြီးရင် ရွံစရာသတ္တဝါတွေလို့​တောင် ထင်လာကြမှာ။ ကျွန်တော် တစ်ယောက်တည်းဆိုရင်တော့ အဲ့တာကိုရင်ဆိုင်နိုင်တယ် ကိုသာ။ ဒါပေမဲ့...ကိုသာ..ကိုသာ့ကိုတော့ သူများနှာခေါင်းတစ်ချက်ရှုံ့တာတောင် မခံစေချင်ဘူး။"

နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်း/နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်းWhere stories live. Discover now