Part 8

2.9K 424 49
                                    

Unicode

မင်းခွန်မှိုင်းအနားတွင် မိန်းကလေးတစ်သိုက်သာမက​ယောက်ျားလေးတွေပါဝိုင်းပြီး ဓာတ်ပုံတွဲရိုက်နေကြသည်။ Bishar Cosplayရန်ရွေးချယ်လိုက်သည်မှာ မှန်သွားသည်ဆိုရမည်။ မနှစ်ကထက်ပင် လူကြည့်ခံနေရသည်။ မင်းခွန်မှိုင်း တစ်ယောက်ပြီးတစ်ယောက်နှင့် ဓာတ်ပုံတွဲရိုက်နေသည်ကို နောက်ကနေမတ်တပ်ကြီး လိုက်ကြည့်နေသူကတော့ Kiteပင်ဖြစ်သည်။ လူတွေသူ့ကိုမမြင်ရလို့သာပင်။ မဟုတ်လျှင် သက်တော်စောင့်တွေဘာတွေထင်နေကြဦးမည်။ သူ့ပုံစံအတိုင်း လက်ကလေးနောက်ပစ်ပြီး အေးအေးလူလူနှင့်လူကို လိုက်ကြည့်နေဆဲ။ စိတ်အနှောက်အယှက်အနည်းငယ်တော့ဖြစ်ပေမဲ့ မသိချင်ယောင်ဆောင်ကာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ရသည်။

နေ့ခင်း ဆယ့်နှစ်နာရီဆို ပွဲအဆုံးသတ်လိမ့်မည်။
ယခုပင် ဆယ့်တစ်နာရီရှိပြီမဟုတ်လား။ လူကတော့ ယခုချိန်အထိသူ့အနားတွင် မရှင်းသေး။ Animeပစ္စည်းအရောင်းဆိုင်လေးများသို့ သွားစပ်စုချင်ပါသည်ဆိုကာမှ လူကထိုနေရာကပင် မရွေ့နိုင်သေးချေ။ ငစိုင်းပင် ဆိုင်တန်းများတွင် မွှေနှောက်ဝယ်နေလေပြီ။

"ဟယ်လို ဘစ်ရှာ.."

ခန့်ညားသည့်အသံနှင့်အတူ အနားကိုရောက်ရှိလာသူသည် ပွဲစီစဉ်သူ ကိုဘုန်း​ကျော်စွာဖြစ်သည်။ မနှစ်ကလည်း ပွဲစီစဉ်သူသည် သူပေမို့ မမှတ်မိစရာအကြောင်းမရှိ။ နှစ်တိုင်း Cosplayပွဲများဖြစ်အောင် စီစဉ်နေသူလည်းဖြစ်သည်။ သည်လိုလူကို မင်းခွန်မှိုင်းမသိလျှင် တုံးလွန်းရာကျမည်။

"မင်္ဂလာပါ ကိုဘုန်းကျော်စွာ"

ကိုဘုန်းကျော်စွာသည် နှုတ်ခမ်းတစ်ဖက်ကော့တက်သွားအောင် ပြုံးသည်။ အပြုံးကတင် အရှိန်အဝါကိုခံစားရသည်။ လူကြီးလူကောင်းပုံစံပေါက်သည်။ သို့သော် မကောင်းသတင်းတချို့လည်းကြားပါသည်။ သူသည် ဂေးဖြစ်သည့်အပြင် သူနှင့်တွဲသည့်ကောင်လေးများကို Female Character ပုံစံအတင်းအကျပ်ဝတ်ဆင်ခိုင်းသည်ဆိုပြီး​တော့ပေါ့။ သက်သက်နာမည်ဖျက်ချင်၍ သတင်းလွှင့်တာလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သတိထားရမည်မှာ မိမိတာဝန်ပေသာ။

နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်း/နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်းWhere stories live. Discover now