Part 34

1.8K 242 16
                                    

Unicode

"သခင်လေး အိပ်မပျော်ဘူးလား"

အခန်းပြတင်းပေါက်ကိုဖွင့်လျက် ထိုင်ငေးနေသောမှိုင်းရဝေကြောင့် သူပါနိုးလာရသည်။ စောင်ကိုအသာဖယ်ချရင်း ပြတင်းပေါက်နားမှ မြတ်နိုးသူအနားသွားရပ်လိုက်တော့ သူ့ကိုခပ်ပြုံးပြုံးလေးပြန်ကြည့်နေခဲ့သည်။ ရွှန်းစိုသောမျက်ဝန်းများတွင် ကြင်နာမှုဖြတ်ပြေးနေသည့်အကြည့်တို့က သူ့ရင်ကိုအမြဲနွေးထွေးစေစမြဲ။

"အိပ်မပျော်လို့ပါ စွန်ရဲလေးရယ်။"

သူ့မေးခွန်းကိုပြန်ဖြေပြီး အကြည့်တို့ကို တဖျပ်ဖျပ်လှုပ်ခတ်နေသော သစ်ရွက်များထံ ပို့လိုက်ပြန်သည်။

"သခင်ကြီးကို သတိရနေတာလား သခင်လေး"

သူခပ်ပြုံးပြုံးလေးခေါင်းညိတ်ပြန်သည်။ ယခုဆိုလျှင် သခင်ကြီးဆုံးသွားသည်မှာ တစ်လနီးပါးရှိပါပေါ့လား။

"အပြင်မှာလေတွေတိုက်နေပြီ သခင်လေးရယ်။ ပြတင်းပေါက်ကြီးပိတ်ပြီး အိပ်ပါတော့။ သခင်ကြီးသာရှိရင် သခင်လေးအခုလို မအိပ်တာကို ကြိုက်မှာမဟုတ်ဘူး။"

ပြောရင်းတစ်ခါတည်း ပြတင်းပေါက်တို့ကို ဆွဲပိတ်လိုက်တော့ သက်ပြင်းချသံခပ်ယဲ့ယဲ့လေးကို ကြားရသည်။ ထိုအခါ သူ့ရင်ထဲမချိလှ။ သခင်​လေးတစ်ယောက်တည်း ကျိတ်ခံစားနေခြင်းကား သူ့ရင်ကိုအစိမ်းလိုက်ခွဲသလိုပင်။

"သခင်လေး သိပ်ပိန်သွားတယ်"

"ဒီရက်ပိုင်း အစားစားချင်စိတ်သိပ်မရှိလို့ပါ စွန်ရဲလေးရယ်။ ကိုကို့ကိုပဲ စိတ်ပူမနေပါနဲ့။ စွန်ရဲလေးကမှ တအားပိန်နေတာ။ အရပ်ကမှရှည်ပါတယ်ဆို ပိန်နေတော့ စာခြောက်ရုပ်ကြီးကျနေတာပဲ"

မှိုင်းရဝေပြောရင်း ဟန်ဆောင်ပန်ဆောင်ရယ်လိုက်မိသည်။ စွန်ရဲလေးရှေ့တွင် သူမပြိုလဲချင်။ သူသည် အကြီးတစ်ယောက်ဖြစ်သည့်အတွက် အငယ်ကိုနှစ်သိမ့်ရမည်သာဖြစ်သည်။ ဖေဖေဆုံးသည့်နေ့က အရုပ်ကြိုးပြတ်သလိုထိုင်ချပြီး ငိုခဲ့သော်လည်း စွန်ရဲလေးကမူ သူ့ကိုနှစ်သိမ့်ပေးခဲ့သည်။ အကြီးတစ်ယောက်အနေနှင့် ဒါဟာအနည်းငယ်တော့ ရှက်စိတ်ဖြစ်စေသည်။

နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်း/နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်းWhere stories live. Discover now