Part 18

2.4K 320 63
                                    

Unicode

ဦးခေါင်းတစ်ခုလုံး၏ထုံကျင်ကိုက်ခဲမှုကြောင့် မင်းခွန်မှိုင်းမျက်ခုံးများတွန့်ကွေးရင်း နိုးလာလေသည်။ နားထင်နှစ်ဖက်ကို လက်ချောင်းများဖြင့် ဖိနှိပ်ရင်း ထထိုင်ကာ အခန်းတွင်းကို မျက်လုံးဝေ့ကာ စူးစမ်းမိတော့ မင်းခွန်မှိုင်း၏ညဝတ်အင်္ကျီဝမ်းဆက်လေးကို ဝတ်ဆင်ထားသည့် Kiteကိုမြင်သည်။ ထို့ကြောင့် ဝေဝါးနေသည့်မျက်လုံးများပင် ပြူးသွားမိသည်။

တစ်ချိန်လုံးအမည်း​ရောင်ကိုဝတ်နေကျKiteသည် သည်လိုဝတ်ထားတော့ တကယ့်လူသားတစ်ယောက်သဖွယ်ပင်။ Kiteသည် ခုတင်ဘေးမှ ခွေးခြေသစ်သားခုံအမြင့်လေးအား ကားလျားခွရင်း လက်နှစ်ဖက်ကိုခုံအဖျား၌ ထောက်လျက် မင်းခွန်မှိုင်းကိုမျက်တောင်မခတ်တမ်း ကြည့်နေသည်။ သူကအဘယ်ကြောင့် မိမိအင်္ကျီကိုဝတ်ထားရပါသနည်း။

"နိုးလာပြီလား အမူးသမားလေး"

"နိုးလို့ ငုတ်တုတ်ထိုင်နေတာလေ။ မနိုးရင် အိပ်ရာ​ပေါ်လှဲနေမှာပေါ့။"

စကားကိုနည်းနည်းမျှ ချိုချိုသာသာ မပြောတတ်ဘူးလားမသိ။ အကောင်းမေးလည်းအမြဲကန့်လန့်သာဖြေသည်။ မင်းခွန်မှိုင်းဆိုသည့်လူက မွေးကတည်းကပင် အမေ့ဗိုက်ထဲမှ ကန့်လန့်ထွက်ချင်ထွက်မှာဆိုတော့ မပြောလိုတော့ပေ။

"နေစမ်းပါဦး...မင်းဝတ်ထားတာ ငါ့အင်္ကျီမလား"

Kiteကခေါင်းသာညိတ်၏။

"ဘာကိစ္စဝတ်ထားတာလဲ။ ဘယ်သူကပေးဝတ်လို့လဲ"

Kiteကပခုံးလေးအနည်းငယ်တွန့်လေပြီး....

"မင်းမေမေက ယူဝတ်လိုက်ဆိုလို့ ဝတ်ထားတာ"

"ဪ...."

မင်းခွန်မှိုင်း ဪဟုသာဆို၍ ခေါင်းတဆတ်ဆတ်ညိတ်ပြီးမှ မျက်ပြူးဆံပျာဖြစ်သွားရသည်။

"မေမေက ဘယ်လိုလုပ်မင်းကိုဝတ်ခိုင်းတာလဲ။ မင်းကိုမမြင်ရဘူးမဟုတ်ဘူးလား"

Kiteသည် သက်ပြင်းလေးချကာ မတ်တပ်ထရပ်ပြီး မင်းခွန်မှိုင်းအနားသို့ လျှောက်လာသည်။ ထို့နောက် ခုတင်စွန်း၌ ဒူးတစ်ဖက်ချိတ်ထိုင်လေသည်။

နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်း/နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်းWhere stories live. Discover now